*** Part - (1) ***

27.9K 979 22
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

ကံကြမ္မာဆိုတာ
တချို့လူတွေအတွက်တော့
လုပ်ယူဖန်တီးခြင်းပါပဲ ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~

ကြီးမားလှသော ခြံကျယ်ကြီးထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည် ။ နှစ်ထပ်တိုက်အိမ်ကြီးထဲတွင် လေတိုးသံသဲ့သဲ့ကလွဲပြီး အောက်ထပ်တစ်ခုလုံး မည်သည့်အသံမျှမကြားရ ။ သို့သော် အပေါ်ထပ်တွင်တော့ သေမင်းနှင့်ရင်ဆိုင်ပြီး ရင်သွေးလေးကိုမွေးထုတ်နေသော မိခင်တစ်ယောက်၏အသံဖြင့် ဖုံးလွှမ်းလျှက်ရှိသည် ။

" အခုထိမမွေးသေးဘူးလား မိစန်း "

" ဟုတ် ဟုတ်ကဲ့ မမွေးသေးဘူးရှင့် မေမေကြီး"

ဩဇာအာဏာကြီးမားလှသောအသံကြောင့် မိစန်းကြောက်ကြောက်လန့်လန့်နှင့်ပြန်ဖြေမိသည် ။ မမလေးလည်းအိမ်ပေါ်မှာ အားစိုက်ညှစ်နေကြောင်းပြောပြချင်ပေမဲ့ မပြောရဲ ။ မမလေးလို့တောင်စိတ်ထဲကပဲခေါ်ရဲသည်မဟုတ်ပါလား ။

"တကတည်းတော် ငါ့မြေးကိုမြင်ချင်နေပါပြီဆိုမှ ဒီမိန်းမက ကြာနေသေးတယ် ၊ ငါ့မှာ ဒီလို အချိန်ကိုက်ဖြစ်ဖို့အတွက် ကြိုတင်စီစဉ်ထားခဲ့ရတာတွေကို ဘယ်လိုမှအလွဲမခံနိုင်ဘူး ၊ သားကြီးကို ဒီတစ်ခေါက်ဆေးဝါးအဖွဲ့နဲ့ လက်နက်ကိုင်ရွာထဲအထိ စိတ်မချဘဲ သွားခိုင်းလိုက်ရတာ ၊ ကိုယ်တော်ချောက သူ့မိန်းမမွေးချိန်နီးနေလို့ မသွားပါဘူးဇွတ်လုပ်နေတာလေ ၊ ဖုန်းလုံးဝသုံးခွင့်မရှိတဲ့နေရာမလို့လည်းပါမှာပေါ့အေ ၊ ဒီမကောင်းဆိုးဝါးမကြောင့်မလို့သာ ငါ့သားကိုအန္တရာယ်များတဲ့ နေရာကို သွားခိုင်းလိုက်ရတယ် ၊ ဆေးဝါးအဖွဲ့ကိုလည်း ဒီရက်တွေကျမှသွားအောင်လို့ သားကြီးမသိအောင် မနည်းတောင်းပန်ပြီး ငွေတွေပေးထားရတာ "

ကိုယ့်မြေးကို အသက်နဲ့ရင်းပြီးမွေးပေးနေသည့်ချွေးမတစ်ယောက်ကို မကောင်းဆိုးဝါးမတဲ့ ။

မေမေကြီးကပြောရင်းနဲ့ခဏနားတော့ မိစန်းက အလိုက်တသိဖြင့် ရေပြေးယူကာတိုက်ရသေးသည် ။

"သားကြီးပြန်လာဖို့ နောက် 5 ရက်လောက်လိုသေးပေမဲ့ သူပြန်မလာခင် ယုံကြည်အောင်လုပ်စရာတွေကလည်းအများသားမလား ၊ ဟိုမိန်းမနဲ့လည်း အစကတည်းကအပြတ်ပြောပြီးသားဆိုတော့ ဘာမှစိတ်ပူစရာမရှိတော့ဘူးထင်တာပဲ ၊ သားနဲ့မယူခင် ငါ့မြေးကိုယ်ဝန်စရှိကတည်းက သူနဲ့ပြောထားပြီးသား ၊ မွေးပြီးရင်ထွက်သွားပြီး သေလူလိုနေဖို့မှာထားပြီးသား ၊ ဘယ်နှယ့် ရာရာစစ ရွှေလိုဥထားတဲ့ ငါ့သားဆရာဝန်ကိုမှလာထိပါးတဲ့အကြော်သည်မ ၊ သားယုံကြည်အောင်လို့သာ ဒီကြားထဲငါကအလိုက်အထိုက်နေနေရတာ ၊ အခုတော့ငါမျှော်လင့်ထားခဲ့တဲ့အချိန်ကိုရောက်ပြီ ၊ ငါ့မြေးလေးကောင်းကောင်းမွန်မွန်မွေးလာဖို့ပဲကျန်တော့တယ် "

If (Completed) Where stories live. Discover now