*** Part - (14) ***

5.8K 530 16
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~

တစ်ကယ်တော့
ကျွန်တော်ဟာ
ချစ်တတ်နေရင်းနဲ့ပဲ
အချစ်ငတ်နေခဲ့သူတစ်ဦး ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~

လဲကျပြီအထင်နဲ့ ကောင်းဆက်ပိုင် မျက်လုံးတို့ကိုမှိတ်ချလိုက်ပေမဲ့လည်း လူတစ်ယောက်က ဖမ်းထိန်းပေးထားလို့သာ တော်တော့သည် ။ ထိုလူ့ဆီမှ ကိုကြီးရေမွှေးနံ့ရနေသဖြင့် အံ့ဩစွာနဲ့ မျက်လုံးကိုစည်းထားတဲ့ပုဝါကို ဆွဲချွတ်ပစ်လိုက်တော့ တကယ်ကို ကိုကြီးဖြစ်လို့နေသည် ။

ကျွန်တော်စိတ်ထင်၍ပဲလားတော့ မသိပေမဲ့ ကိုကြီးရဲ့မျက်လုံးများက ဒီနေ့နူးညံ့နေသလိုခံစားရ၏ ။

ကိုကြီးက ကျွန်တော့်ကို စိုက်ကြည့်နေသည် ။ ကိုကြီးနဲ့ ဒီလောက်ထိနီးကပ်နေတာနဲ့တင် ကျွန်တော်ရူးသွားတော့မည်ထင်ပါသည် ။

ဘေးနားမှာ ကလေးများရှိနေခြင်းကိုလည်းမသိတော့ ။ အချိန်တွေရွေ့လျားနေသည်ကိုပင် မသိတော့ပါ ။ ထိုအစား ကိုကြီးထံမှ " အ " ခနဲ အော်သံထွက်လာမှသာ သူ့အပေါ်တက်ဖိထားမှန်းသတိရတော့သည် ။

" ကိုကြီး နာသွားတာလားဟင် ၊ သားကြောင့်ပါ ၊ သားတောင်းပန်ပါတယ်နော် ၊ ကို ကိုကြီးက ဒီကို ဘယ်လိုရောက်လာတာလဲဟင် "

ကျွန်တော် အလျင်အမြန်ထရပ်လိုက်တော့ အောက်က ကိုကြီးကလည်း ထရပ်ကာ သူ့ကိုယ်ပေါ်တင်သွားတဲ့ဖုန်တွေကို ခါထုတ်နေ၏ ။

" အောက်ကမြက်ခင်းမလို့ တော်သေးတာပေါ့ ကောင်းဆက်ပိုင် ၊ မဟုတ်ရင် ငါတော့ကျိုးလောက်ပြီထင်တယ် ၊ မင်းဟာလေ ကလေးမဟုတ်ဘာမဟုတ်နဲ့ ဒီအရွယ်ကြီးကို ဆော့နေသေးတယ် ၊ ကိုယ့်ကိုယ်ထိန်းနိုင်တာလည်းမဟုတ်ပဲနဲ့ ၊ တော်သေးတာပေါ့ ၊ လဲကျမဲ့အချိန်ကို ငါကွက်တိမြင်လိုက်လို့ ၊ ပြီးတော့ ငါက ငါလှူနေကျနေရာမလို့ လာတာထားပါတော့ ၊ မင်းက ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ "

ကျွန်တော့်နဖူးကို သူ့လက်ညိုးနဲ့ထောက်ပြီး နောက်ကိုတွန်းလိုက်တဲ့ ကိုကြီး ။ ကိုကြီးရဲ့အသံကိုနားထောင်ကြည့်တော့လည်း စိတ်တိုနေပုံမရလို့သာ တော်သေးသည် ။

If (Completed) Where stories live. Discover now