#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~အချစ်ဆိုတာ
ရယူခြင်းလည်းမဟုတ်ဘူး
ပေးဆပ်ခြင်းလည်းမဟုတ်ဘူး
ပိုင်ဆိုင်ခြင်းလည်းမဟုတ်ဘူး
ဒီတိုင်း ဟုတ်တယ်
ဒီအတိုင်း ငေးနေချင်ရုံလေးပဲ ..." ဘုန်းနေသွေး "
~~~~~~~~~~~~~~~~~~~~~~~~
အနမ်းမမည်တဲ့ အနမ်းတစ်ပွင့်ကြောင့်ကိုကြီးဟာ ကျွန်တော့်ကို Company မှာပဲဖြစ်စေ ၊ အိမ်မှာပဲဖြစ်စေ မသိမသာကော သိသိသာသာပါ ရှောင်နေမြဲ ။
ကိုကြီးဘက်ကစဉ်းစားကြည့်တော့လည်း မမှားပါ ။ သူအလွန်မုန်းပြီးယောက်ကျားတစ်ယောက်ပါဖြစ်နေတဲ့ကျွန်တော့်ဆီက မတော်တဆအနမ်းတစ်ခုကြောင့် စိတ်ရှုပ်သွားရမှာ အသေအချာ ။
ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ကိုကြီး ကျွန်တော့်ကို သီးသန့်မရှောင်ရစေရန်ရည်ရွယ်ချက်ဖြင့် အာကာတို့နှင့်တွေ့ရန် မနက်စောစောကတည်းက အိမ်မှထွက်လာခဲ့သည် ။
" ဒွီ ဒွီ ဒွီ "
Bus ကားပေါ်တွင် ထိုင်ခုံနေရာရ၍သာတော်သေးသည် ။ မဟုတ်ရင် ဖုန်းလာရင်တောင် ထုတ်မကိုင်ရဲ ။
" ရတယ် ... ကိုဇွဲ ၊ လာမကြိုနဲ့တော့ ၊ ကျွန်တော် Bus ကားပေါ်တောင်ရောက်နေပြီ "
" ဟုတ် ကိုဇွဲ ... ခဏနေမှတွေ့မယ်နော် "
ကိုဇွဲရဲ့သံယောဇဉ်ကိုတော့ ဩချထားရပါသည် ။ လိုအပ်တယ်လို့နှုတ်ကထုတ်ပြောစရာမလိုအောင်ပင် ကျွန်တော့်စိတ်ကို ခန့်မှန်းနိုင်သူဖြစ်၏ ။
ကိုဇွဲရဲ့သံယောဇဉ်တွေကို ခံစားမိပါသည် ။
အဖြူထည်ဆန်သောမေတ္တာတွေသည် အရောင်တွေမရောခင်အထိတော့ တောက်ပအသက်ဝင်လွန်းခဲ့၏ ။
~~~~~~~~~~~~~~~~~~~~~~~~
" အေး ကောင်း ၊ ကိုဇွဲ လာခေါ်တာလား "
မေးဆတ်ပြီးမေးနေတဲ့ဝေလင်းကို အာကာ မျက်လုံးတစ်ဖတ်မှိတ်ပြကာ ခဏနေဦးဆိုတဲ့သဘောနှင့် လက်ကာပြလိုက်သည် ။
" အော် တစ်ယောက်တည်းလာတာလား ၊ အေး အေး ... ဖြေးဖြေးလာခဲ့ ၊ ကိုဇွဲလဲမရောက်သေးဘူး ၊ ငါတို့နှစ်ယောက်သာ ဝီရိယကောင်းနေလို့ "

YOU ARE READING
If (Completed)
Romance#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်