*** Part - (19) ***

5.4K 501 11
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

မချစ်သင့်တဲ့လူကို
ချစ်မိတတ်ကြသလို
ချစ်သင့်တဲ့လူကို
မချစ်ချင်ကြတာဟာ
လူ့သဘာဝပဲထင်ပါရဲ့
တစ်နည်းပြောရရင်
ပျော်ရွှင်ဖို့ထပ် နာကျင်ဖို့ကိုပဲ
ရွေးချယ်မိနေတာမျိုးပေါ့ ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~

နေအပူရှိန်ကပူပြင်းလွန်းနေပေမဲ့ ရင်ထဲကအပူကိုတော့မမှီပေ ။ မျက်စိရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကြောင့် နှလုံးသားဟာတစ်ဆစ်ဆစ်နာကျင်လို့လာသည် ။ ကိုယ်တိုင်မကြင်နာခဲ့ဘဲ ၊ မဟုတ်ဘူး ကြင်နာခွင့်မရှိခဲ့တဲ့ပန်းလေးတစ်ပွင့်ကို သူတစ်ပါးကကြင်နာနေပြန်တော့လည်း မနှစ်မြို့နိုင်ပါ ။ ပိုဆိုးတာက ပြိုင်ဘက်မမည်သော ပြိုင်ဘက်သည် ယောက်ကျားတစ်ယောက် ဖြစ်နေခြင်း ။

" နေသွေး မင်းဘာကို ကြည့်နေတာလဲ "

ရှေ့မှာထိုင်နေတဲ့ သူရနဲ့စည်သူဆီက ဘယ်သူပြောလိုက်မှန်းမသိအောင်ပင် ရင်ထဲမှာပူလောင်နေသည် ။ ကောင်းဆက်ပိုင်တစ်ချက်ရယ်လိုက်တိုင်း နှလုံးသားကိုဓားနဲ့တစ်ချက်ထိုးသလိုခံစားရသည် ။

သူ့နဲ့ထိုင်နေတဲ့လူက ဘယ်သူမှန်းမသိပေမဲ့လည်း နှစ်ယောက်လုံးက ဘေးတိုက်အနေအထားနဲ့ထိုင်နေတော့ ကျွန်တော်တို့ရှိနေတဲ့ဝိုင်းမှ ရှင်းလင်းစွာမြင်နေရသည် ။

ကျွန်တော်တို့ထိုင်တာ ငါးမိနစ်မကြာသေးပေမဲ့လည်း ကောင်းဆက်ပိုင်ရယ်တာ ငါးခါမကတော့တာ သေချာသည် ။ သိပ်မလှမ်းတဲ့အကွာအဝေးဖြစ်ပေမဲ့ ကျွန်တော်တို့ကိုမမြင်နိုင်လောက်အောင်အထိ ပျော်ရွှင်နေသော ကောင်းဆက်ပိုင်ပါပဲ ။

" ဟင် ကိုဇွဲပါလား ၊ ဒါနဲ့ နေသွေး သူ့ဘေးမှာထိုင်နေတဲ့ကောင်လေးက မင်းအိမ်က ဟိုကလေးမလား ၊ ငါနာမည်မမှတ်မိတော့လို့ "

စည်သူရဲ့အံ့ဩဟန်နဲ့ပြောသောစကားကို သူရကပါ ဝင်ပြောတော့သည် ။

" ဟိုကလေးနာမည်က ကောင်းဆက်ပိုင်လေကွာ ၊ ပြီးတော့ဟိုလူက party ညက နေသွေးအိမ်ကို ရောက်လာတဲ့မင်းအကိုဝမ်းကွဲ ကိုဇွဲနောင်ဆိုတဲ့တစ်ယောက်မလား စည်သူ "

If (Completed) Where stories live. Discover now