*** Part - (36) ***

5.6K 440 16
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ့်ရဲ့ ရင်ခွင်နန်းတော်မှာတော့
မင်းသာ အုပ်စိုးသူ
မင်းသာ ပိုင်ရှင်
ပြီးတော့
မင်းသာ သခင် ....

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~

အလင်းရောင်ပေါ်ထွက်နေပြီဖြစ်ကြောင်းကို မျက်လုံးတွင်စူးစူးရှရှဖြစ်နေသဖြင့် သိနေသည် ။

အအေးဓာတ်ကလည်း ချမ်းစိမ့်လွန်းပြီး လေတိုးနေတဲ့အသံကိုပင် ဘုန်းနေသွေး သေချာကြားနေရ၏ ။

မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကြည့်တော့ ရင်ခွင်ထဲရောက်နေတဲ့ကောင်းဆက်ပိုင်က မနိုးသေးပါ ။ မျက်တောင်ရှည်တွေခြံရံထားတဲ့ မျက်လုံးလေးက ပိတ်ကျနေကာ အေးလို့ထင်ပါသည် ၊ ရင်ခွင်ထဲကနေ ကျွန်တော့်အား ပိုတိုးလို့ ဖက်လာ၏ ။

" အဟွန့် "

ဘုန်းနေသွေး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိကာ ကောင်းဆက်ပိုင်ရဲ့ နဖူးကိုငုံ့နမ်းလိုက်သည် ။

ကျွန်တော်မပြောပြတတ်တဲ့ အသီးတစ်မျိုးရဲ့ အနံ့သင်းသင်းလေးကို ခံစားမိတော့ သွားတွေပေါ်အောင်ပါ ထပ်ပြုံးမိပြန်၏ ။

ချစ်ရသူကိုရင်ခွင်ထဲမှာ ပွေ့ဖက်ထားရတဲ့ခံစားမှုက ချမ်းနေသည်ကိုပင် မေ့လျော့စေတဲ့အထိ ။

ဘုန်းနေသွေးကိုယ်တိုင် ညဝတ်အိပ်အပါးလေးနဲ့ဖြစ်ပေမဲ့လည်း Hoodie နှစ်ထပ်ဝတ်ထားတဲ့ရင်ခွင်ထဲက ကောင်လေးချမ်းနေမှာကို ပိုပြီးစိတ်ပူမိပါသည် ။

တကယ်တော့ ချစ်ခြင်းတရားက သိပ်ကိုလှပလွန်းပါသည် ။ သင် မြင်အောင်ကြည့်တတ်ဖို့ပဲ လို၏ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်မှနာရီက (8) နာရီတိတိကိုညွှန်ပြနေသည် ။ နေတက်ချိန်ရောက်ပေမဲ့လည်း မိုးအုံ့နေလို့ တော်ပါသေးသည် ။

မျက်နှာစူပုပ်ပုပ်နဲ့ကောင်လေးကို ငေးကြည့်နေတာ နှစ်နာရီနီးပါးရှိပြီထင်၏ ။ ဒါပေမဲ့ အချိန်ဒီလောက်ကြာသွားတာတောင် ထိုကောင်လေးက တုပ်တုပ်မျှမလှုပ်သေး ။

ကျွန်တော်ကသာ သူ့အမူအရာလေးတွေကို အူယားပြီး ငုံ့နမ်းလိုက် ၊ ပါးလေးတွေညှစ်လိုက် ၊ နိုးသွားမှာစိုးရိမ်လိုက် မျိုးစုံဖြစ်နေပေမဲ့လည်း ကောင်းဆက်ပိုင်ကတော့ ငြိမ်သက်စွာပင် အိပ်မောကျနေဆဲဖြစ်၏ ။

If (Completed) Where stories live. Discover now