*** Part - (39) ***

5.6K 401 22
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တိမ်ဆိုင်လေးတွေ လွင့်ပြယ်
လေမုန်တိုင်းတွေ ပျောက်ကွယ်
အမုန်းတရားတွေ ဘေးဖယ်
အချစ်များနဲ့သာ တို့ရဲ့ကမ္ဘာလေးကို
ဆေးခြယ်မယ် ....

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့က ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားဖြစ်သည် ။

ဖွင့်ပွဲလို့ပြောပေမဲ့ ဖဲကြိုးဖြတ်ခြင်းမရှိသလို ဓာတ်ပုံရိုက်ကူးခြင်းများကိုလည်း ကိုယ့်ဖုန်းနဲ့ကိုယ်သာ လုပ်ဆောင်နေကြသည် ။

ကိုကြီးက ကောင်းဆက်ပိုင်ဝယ်ပေးထားတဲ့ Shirt အင်္ကျီအဖြူရောင်နဲ့ပုဆိုးအမဲရောင်လေးဖြင့် သန့်ပြန့်လို့နေသည် ။ နှစ်ထပ်ကျောင်းဆောင်ကြီးကိုကြည့်ပြီး ကျောင်းသားမိဘများလည်း ဝမ်းသာနေကြသည် ။ သူတို့ကလေးလေးတွေ မိုးထဲရေထဲမှာ စာသင်စရာမလိုတော့ဘူးမဟုတ်လား ။

ထို့အပြင် ကျောင်းသားများလည်း ပျော်တပြုံးပြုံးဖြစ်နေကြသည် ။ ကိုကြီးရဲ့လှူဒါန်းခြင်းက တကယ်ကို မွန်မြတ်ပါသည် ။ ကျောင်းသားတစ်ယောက်ချင်းစီအတွက် အဖြူအစိမ်းတစ်စုံ ၊ ကျောပိုးအိတ်တစ်လုံးနဲ့ ကျောင်းသုံးပစ္စည်းအစုံကိုပါ အပိုဆောင်းလှူဒါန်းသေး၏ ။

ကျွန်တော်တောင် ဘာမှမသိရဘဲ ကျောင်းရောက်တော့ လှူဒါန်းမည့်ပစ္စည်းများက အပြည့်အစုံရောက်နှင့်နေခြင်းဖြစ်သည် ။ ကိုကြီးက အမြဲ အဲ့လိုပါပဲ ။ ကျွန်တော့်ကို အံ့ဩအောင်လုပ်တတ်လွန်းသည် ။

မုန်းတုန်းကလည်း ပီပြင်ခဲ့သလို အခု ချစ်ပြန်တော့လည်း ခင်ဗျားက ကျွန်တော့်ရင်ထဲကိုရောက်အောင် အမြဲတမ်းတစ်လှမ်းစီ တိုးဝင်ခဲ့တာပဲ ကိုကြီး ။

ဘယ်အင်အားနဲ့များ ကျွန်တော်က ခင်ဗျားကို ငြင်းဆန်ရပါ့မလဲ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော့်ရဲ့ကျောင်းဆရာပေါက်စလေးက ကလေးများကြားထဲတွင် ရယ်မောလို့နေသည် ။

ဘုန်းနေသွေးကိုယ်တိုင် နွမ်းပါးတဲ့နေရာများတွင် လှူနေကျဖြစ်ပေမဲ့လည်း ဒီနေ့ကတော့ ချစ်ရသူနဲ့အတူဖြစ်လို့လားမသိ ။ စိတ်ထဲတွင် ပိုပြီးကြည်နူးမိသလို ခံစားရသည် ။ လှူနေကျမိဘမဲ့ကျောင်းကိုတောင် တစ်လတစ်ခါမရောက်ဖြစ်သည်မှာ ကြာခဲ့လေပြီ ။ အတွင်းရေးမှူးကိုသာသွားပြီး ငွေလှူခိုင်းရ၏ ။

If (Completed) Where stories live. Discover now