#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~ရုန်းထွက်မရပါဘူးလို့
ကြွေးကြော်နေပြီးမှ
ပြန်လှည့်ကြည့်လိုက်တော့
ကိုယ်ကိုယ်တိုင်ချည်ထားတဲ့
ကြိုးတွေပဲ ဖြစ်နေခဲ့တယ်" ကောင်းဆက်ပိုင် "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့က ကောင်းဆက်ပိုင် (10) တန်းအောင်စာရင်းထွက်သည့်နေ့ ။
ကြီးစန်းနဲ့ကြီးသေးကတော့ ဧည့်ခန်းတွင်ထိုင်ရင်း ဘုရားစာရွတ်နေကြသည် ။
တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် 4 နာရီ 10 မိနစ်တိတိကိုညွှန်ပြနေ၏ ။ ဒီကောင်လေး လုပ်နိုင်မယ်ဆိုတာ သိပေမဲ့လည်း အခုထိ ဖုန်းမဆက်လာသေးတာကို ဘုန်းနေသွေး စိတ်ထင့်နေမိသည် ။
" ကြီးစန်း ဘကြီးဦးတို့ ပြန်မလာကြသေးဘူးလား "
မနေနိုင်တော့သဖြင့် အိမ်အောက်ထပ်ထိဆင်းမေးရတော့၏ ။
" အေး သားဘုန်းရယ် သွားလိုက်တာကြာပြီကို ဖုန်းလည်း မဆက်လာကြဘူးကွယ် "
ဟုတ်သည် ။ ဖုန်းကဘာလို့မဆက်တာလဲ စဉ်းစားမရ ။ အကျိုးအကြောင်းလေးတော့ ရှိသင့်သည်မဟုတ်ပါလား ။ အောင်စာရင်းမကပ်သေးရင် မကပ်သေးဘူး ဘာညာပေါ့ ။
" ကြီးစန်း ကျွန်တော် အခန်းထဲမှာပဲရှိနေတယ်နော် "
" အေး အေး သားဘုန်း "
ကြီးစန်းကိုပြောပြီး ကိုယ့်အခန်း ကိုယ်သာပြန်လာခဲ့လိုက်သည် ။
အလကား ... အိပ်ရေးပျက်တယ် ။
ပြန်အိပ်ပျော်မှာလည်း မဟုတ်တော့တာသေချာပါသည် ။ ဒီကောင်းဆက်ပိုင်ဟာ ဒုက္ခပေးကိုပေးနိုင်လွန်း၏ ။
အိပ်မပျော်မဲ့အတူတူ ဝရံတာလက်ရန်းပေါ်လက်နှစ်ဖက်ထောက်ကာ ဆေးလိပ်ဖွာရင်းအမှောင်ထုထဲသို့ အကြည့်များကို ပို့ထားလိုက်သည် ။
အချိန်ခဏကြာပြီးနောက် အိမ်ရှေ့မှကားရပ်သံနှင့်အတူ ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်နေတဲ့ ကောင်းဆက်ပိုင်ကိုပါ တစ်ခါတည်းတွေ့လိုက်ရသည် ။
ဟွန့် .. ပြန်တော့ပြန်လာသေးသားပဲ ။
~~~~~~~~~~~~~~~~~~~~~~~~~~~
VOUS LISEZ
If (Completed)
Roman d'amour#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်