*** Extra - (2) ***

7K 444 39
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

စောင့်ဆိုင်းခြင်းသည်သာ အချစ်ဖြစ်ခဲ့ရင်
ငေးကြည့်နေခြင်းကိုသာ အချစ်လို့ဆိုခဲ့ရင်
နာကျင်ခြင်းတွေကိုသာ အချစ်လို့ပြောခဲ့ရင်
မျက်ရည်တွေသည်သာ အချစ်ရဲ့သက်သေမှန်ခဲ့ရင်
ဝမ်းနည်းရခြင်းတွေသာ အချစ်ရဲ့ ပြယုဂ်ဖြစ်ခဲ့ရင်
မသေချာပေမဲ့လည်း
တစ်နေ့နေ့မှာများ ခင်ဗျား ကျွန်တော့်ကို
ပြန်ချစ်လာခဲ့ရင် ......

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကောင်းဆက်ပိုင် ကြောင်ကာရပ်ကြည့်နေချိန် ကိုကြီးက ဧည့်သည်တွေထိုင်နေတဲ့ခုံများကိုဖြတ်ပြီးကျွန်တော်ရှိရာဆီသို့ တစ်လှမ်းချင်းလျှောက်လာနေသည် ။ ရင်ခုန်နှုန်းတွေ အဆမတန်မြင့်မားနေပြီး မျက်ရည်တွေကတော့ မဖိတ်ခေါ်ရပါဘဲ မျက်ဝန်းထဲတွင် ပြည့်အိုင်လို့လာ၏ ။

ကိုကြီးဝတ်ထားတဲ့အဖြူရောင် Suit က မြင့်မားတဲ့အရပ်အမောင်းနဲ့လိုက်ဖက်ညီလွန်းပါသည် ။ အဖြူရောင် Suit ကိုမြင်တော့ကောင်းဆက်ပိုင်စိတ်ထဲမှာကြည်နူးမှုတွေပြည့်လျှံလို့သွား၏ ။ ထို့အတူ စိတ်အစဉ်ကလည်း ဟိုးအတိတ်နေ့ရက်များဆီသို့ ပျံ့လွင့်လို့သွားသည် ။ လက်ထပ်ခွင့်မတောင်းရသေးခင် အချိန်ကာလများဆီကိုပေါ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကျွန်တော်တို့က တကယ် လက်ထပ်လို့ရလို့လား ကိုကြီး "

ပင်လောင်းမှာရှိစဉ် ကျောင်းဆင်းချိန်၌ ကိုကြီးက ကျွန်တော့်ကို လာကြိုခြင်းဖြစ်သည် ။

ကျွန်တော့်မေးခွန်းကြောင့် စက်ဘီးတွန်းနေတဲ့ ကိုကြီးရဲ့လက်အစုံနှင့်အတူ ခြေလှမ်းများလည်းရပ်တန့်လို့သွား၏ ။

" Online မှာတွေ့ဖူးတယ်မလား ကောင်းဆက်ပိုင် ၊ ဘယ်လိုထင်လဲ "

ကျွန်တော် မဖြေတတ်တော့ပါ ။ Online ပေါ်မှာတွေ့ဖူးတာ မှန်ပေမဲ့လည်း အတိအကျမသိ ။

" တွေ့တော့တွေ့ဖူးတယ် ကိုကြီး ၊ ဒါပေမဲ့လေ ဟို ဒီနိုင်ငံမှာက တရားမဝင်ဘူးမလား "

ကျွန်တော့်အဖြေကိုကြားတော့ ကိုကြီးက မပွင့်တပွင့်ပြုံးသည် ။ ထို့နောက် ကျွန်တော့်ဘဝတစ်သက်စာအတွက် ပြည့်စုံတဲ့အဖြေတစ်ခုကို ပြန်ပေးခဲ့၏ ။

If (Completed) Where stories live. Discover now