*** Part - (28) ***

5.1K 452 8
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

ယနေ့
ကျွန်တော့်ရဲ့ကမ္ဘာတွင်
နေသည်
အရှေ့ အရပ်မှ
ဝင်ခဲ့လေသည် ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~

အဖေ့ဆီမှ သားလို့ခေါ်သံကြားလိုက်တော့ မရည်ရွယ်ဘဲ ခြေနှစ်လမ်းလောက် နောက်ကိုဆုတ်မိသွားသည် ။ ကျွန်တော်ဟာ တာဝန်မကျေခဲ့တဲ့သားတစ်ယောက် ။ ဟုတ်တယ် ... ကိုယ့်အဖေအကြောင်းကို အနည်းငယ်လောက်တောင် စိတ်မဝင်စားခဲ့ပါဘဲ တမင်တကာ မေ့ထားခဲ့တဲ့သားမိုက်တစ်ယောက် ။

အဖေက ကျွန်တော့်ကို နူးညံ့စွာပြုံးပြလာသည် ။ ရုပ်ရှင်ဆန်စွာ ပြေးဖက်ပြီးငိုရအောင်လည်း ကျွန်တော်မုန်းခဲ့သည့် လူတစ်ယောက်ဖြစ်လို့နေ၏ ။

နေရာမှာပဲ ကောင်းဆက်ပိုင် ခြေစုံရပ်နေမိဆဲ ။ အဖေကလည်း ထိုနေရာမှာပဲရပ်နေဆဲဖြစ်ပြီး ကျွန်တော့်ကို မယုံကြည်နိုင်တဲ့မျက်ဝန်းတွေဖြင့် ကြည့်နေဆဲ ။

အဖေက စိတ်ထောင်းလို့ ကိုယ်ကြေပြီး ဇရာပါကြီးရင့်လာပြီဖြစ်သည် ။ ဘကြီးဦးနှင့်ပင် ရွယ်တူလောက်ထင်ရပြီး ဆံပင်တွေလည်း တစ်ခေါင်းလုံးစွတ်စွတ်ဖြူနေလေပြီ ။ ဖျင်နီအင်္ကျီအနွမ်းလေးကိုအရောင်သိပ်မရှိတော့တဲ့ ပုဆိုးအဝါကွက်နဲ့တွဲဝတ်လို့ထား၏ ။

" အဟွတ် အဟွတ် ၊ ငါ့သားတောင် ဒီအရွယ်ရောက်လာပါရောလား ၊ အဖေဝမ်းသာလိုက်တာကွာ "

ပြောရင်းနဲ့ အနားရောက်လာကာ ကျွန်တော့်ကိုဖက်လိုက်တဲ့အဖေ ။ ကောင်းဆက်ပိုင် နှုတ်ခမ်းတွေတောင် တုန်ယင်လာပါသည် ။ ရင်ဘတ်ထဲမှာလည်း တင်းကျပ်ဆို့နစ်လို့နေ၏ ။ အဖေ့ကို ပြန်ဖက်ရန်ဟန်ပြင်လိုက်စဉ်မှာတော့ ပုခုံးနားတွင်စိုစွတ်စွတ်အထိအတွေ့ကို ခံစားလိုက်ရသည် ။

ဟင် ... အဖေ ငိုနေသည်လား ။

" ကျွန်တော် တောင်းပန်ပါတယ် အဖေ ၊ ပစ်ထားခဲ့မိလို့ တကယ်ကိုတောင်းပန်ပါတယ် ၊ ကျွန်တော်က အသုံးမကျတဲ့သားတစ်ယောက်ပါ ၊ ဒီနှစ်တွေအတွင်းမှာ ရှာသင့်ပါရက်နဲ့ မရှာခဲ့မိဘူး "

ကျွန်တော်ရဲ့ ရှိုက်ငိုရင်းပြောတဲ့စကားတွေကိုကြားတော့ အဖေက ဖက်ထားရာမှလူချင်းခွာလိုက်သည် ။

If (Completed) Where stories live. Discover now