*** Part - (23) ***

5.1K 470 27
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

မျဉ်းပြိုင်နှစ်ကြောင်းဟာ
ဘယ်တော့မှမဆုံနိုင်ဘူးလို့ ပြောကြပေမဲ့လည်း
ကမ္ဘာမြေကြီးရဲ့ အဆုံးသတ်တစ်နေရာမှာတော့
ရပ်တန့်သွားရမှာပါပဲ .......

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~

ကောင်းဆက်ပိုင် ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုက်ကြည့်လိုက်သည် ။

နာကျင်သွားတယ်ဆိုတော့ ဒါက အိပ်မက်မဟုတ်တာ သေချာသွားလေပြီ ။

ကိုကြီးက ကျွန်တော့်ကိုကျောပိုးပြီး လှေကားထစ်တွေကို သတိထားကာ ဖြည်းဖြည်းချင်းဆင်းနေ၏ ။

မသိမသာကော ပေါ်တင်ပါကြည့်နေကြတဲ့ဝန်ထမ်းအချို့ကြောင့် ကောင်းဆက်ပိုင် ကိုကြီးကိုကွယ်ကာ ငြိမ်သက်နေမိသည် ။

ငယ်စဉ်ကတည်းကချစ်ခဲ့ရတဲ့ ကိုကြီးကိုယ်သင်းနံ့ဟာ လေအဝှေ့မှာအတူယှဉ်တွဲပါလာတော့ ကောင်းဆက်ပိုင် အသက်ရှူပါအောင့်ထားလိုက်ရသည် ။

ကိုကြီးက ဆံပင်ကိုလိုရင်းတိုရှင်းသာညှပ်တတ်သူဖြစ်၍ ဦးရေမှအကြောစိမ်းလေးတွေကအစ အတိုင်းသားမြင်နေရတာကြောင့် ကောင်းဆက်ပိုင် ရင်ခုန်သံတွေမြန်လာသည် ။

ဝန်ထမ်းအကို ၊ အမများကတော့ အခုထိစိတ်လျှော့ဟန်မတူသေးဘဲ " CEO အဆင်ပြေရဲ့လား ၊ CEO ညောင်းရင် ကျွန်တော်တို့တစ်လှည့်စီ ကျောပိုးပေးပါရစေ ၊ CEO နားပါဦး ၊ CEO ရေသောက်ပါဦး " နဲ့ပြာယာခတ်နေကြကာ ပတ်ပတ်လည်တွင် လူတွေဝိုင်းနေ၏ ။

ကျောပေါ်မှာအခန့်သားနေရာယူထားတဲ့ကျွန်တော်ကသာ အားနာလာပေမဲ့လည်း တည်တင်းတဲ့မျက်နှာထားနဲ့ကိုကြီးကတော့ အားလုံးကို ခေါင်းခါပြကာ ငြင်းဆန်နေသည် ။

" ထမင်းကောစားရဲ့လား ကောင်းဆက်ပိုင် ၊ မင်းခန္ဓာကိုယ် ပေါ့ပါးနေတာက ယောက်ကျားလေးနဲ့တောင် မတူတော့ဘူး "

ခဏနားကြတဲ့အချိန်တွင် ကျွန်တော့်ကိုမကြည့်ဘဲ ရူ့ခင်းကိုသာကြည့်ရင်းပြောလာတဲ့ကိုကြီးစကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားရသည် ။

ထိုအချိန် လေပြေနုအေးအေးက ဖြည်းညှင်းစွာတိုက်ခတ်လေတော့ ကိုကြီးရဲ့ခပ်နက်နက်ဆံပင်တွေက ဟိုလွင့် ဒီလွင့်ဖြစ်ကုန်၏ ။

If (Completed) Where stories live. Discover now