*** Part - (6) ***

6.6K 575 4
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

တွေ့ဆုံခြင်းတွေသာ
လှပခဲ့ရင်
အချစ်တွေလည်း
နူးညံ့စွာ ရှင်သန်လာလိမ့်မယ် ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေမင်းကြီးက ခြစ်ခြစ်တောက် ပူပြင်းလို့နေသည် ။ ဘုန်းနေသွေးရင်ထဲမှာတော့ ထိုအပူထက်ပြင်းတဲ့မီးတွေ တောက်လောင်လို့နေ၏ ။ 

" ဒီလူတွေက ရွာကမသစ္စာနဲ့တွေ့ချင်လို့ ရောက်လာတဲ့သူတွေလို့ပြောတယ် သူကြီး ၊ ဒါပေမဲ့ ဒီရွာက မသစ္စာက သူတို့ရှာနေတဲ့လူဟုတ်မဟုတ်တော့ မသေချာဘူးလို့ ပြောထားတယ် "

သူကြီးဆိုသူက ရွာသို့ရောက်လာသော လူစိမ်းများကို ကြည့်ပြီး ချောင်းတစ်ချက်ဟန့်သည် ။

" ဦးလေးတို့ရွာကိုလွန်ခဲ့တဲ့ (10) နှစ်ကျော်လောက်ကရောက်လာတဲ့ မသစ္စာဆိုတဲ့အမျိုးသမီး တစ်ယောက်တော့ရှိတယ် ၊ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဆုံးသွားလေရဲ့ ၊ ဒီကမောင်ရင်တို့ရှာနေတဲ့သူ ဟုတ်မဟုတ်တော့မသေချာဘူးကွယ် ၊ လောကမှာက လူတူမရှား နာမည်တူမရှားပဲမလား "

မိုက်ခနဲ လဲကျသွားချင်စိတ်ကို ဘုန်းနေသွေး ပြန်ထိန်းလိုက်သည် ။ အံကိုတင်းတင်းကြိတ်ရင်း စကားပြောရန်ပင် အားယူလိုက်၏ ။

" ဘကြီးဦး ၊ သားနဲ့ ခဏလောက် စကားပြောရအောင် "

မေမေမဖြစ်နိုင်ဘူးဟု တထစ်ချယုံကြည်သည် ။ ထို့ကြောင့် ဘကြီးဦးကိုစကားပြောရန် ခြံထောင့်ကို ခေါ်သွားလိုက်၏ ။

" ဘကြီးဦး ၊ ဒီရွာသေချာလား ၊ နာမည်တူရုံလောက်နဲ့ကတော့ မေမေလို့အတပ်ပြောဖို့မဖြစ်နိုင်ဘူးမဟုတ်လား ၊ ကျွန်တော် မယုံဘူးနော် ဘကြီးဦး ၊ နောက်ထပ်တစ်ရွာမဟုတ်ဘူး ရွာတစ်ရာရှိရင်တောင် ကျွန်တော်ထပ်ပြီးရှာမယ် ၊ အဲ့ဒါကြောင့် "

အသံတိမ်ဝင်သွားသော သားငယ်ကိုကြည့်ရင်း ဦးတင်ဦး စိတ်ထဲမကောင်း ။ နှစ်သိမ့်ပေးစရာစကားလုံးတွေကလည်း ပျောက်ဆုံးလို့နေသည် ။ အချိန်တွေငွေတွေသုံးကာ ရှာဖွေထားသမျှဟာ နောက်ဆုံးအဖြေကတော့ ဒီရွာမှာပဲ မသစ္စာရှိတာ သေချာ၏ ။

If (Completed) Where stories live. Discover now