*** Part - (18) ***

5.6K 498 12
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~

စခဲ့ပြီးတဲ့လမ်းကို
ဆုံးအောင်လျှောက်ဖို့အတွက်
မြတ်နိုးရတဲ့မင်းကို
နာကျင်အောင်လုပ်နေမိတယ်

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~

" ကျွန်တော်စုံစမ်းခိုင်းထားတဲ့ ဦးသိန်းမောင်အခြေအနေ ဘာထူးလဲ ဘကြီးဦး "

ပြတ်သားသောနှုတ်ခမ်းများထက်မှ အေးစက်စက်စကားသံအချို့ထွက်လာသည် ။

" လျော့ရက်တွေနဲ့ဆိုတော့  နောက် (4) လလောက်နေရင် လွတ်တော့မယ်လို့ ထောင်ပိုင်ကြီးကပြောတယ် သားငယ် "

သားငယ်မျက်နှာက တင်းခနဲဖြစ်သွားသည် ။ မေးရိုးတွေတင်းနေပုံအရ အံကျိတ်ထားသည်ထင်၏ ။

" အထဲမှာနေရင်းထိုင်ရင်းနဲ့ ကျန်းမာရေးလည်း သိပ်မကောင်းဘူးလို့ကြားတယ် "

သားငယ်နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခု ပီပြင်စွာဖြစ်ပေါ်လို့လာသည် ။

" ဟွန့် ... အသက် (50) လောက်နဲ့ကျန်းမာရေး မကောင်းဘူးဆိုတော့ လောကကြီးက လူယုတ်မာတွေကို ဒီအတိုင်းတော့ကြည့်မနေဘူးပဲ ၊ ဘကြီးဦးတောင် သူ့ထက် (15) နှစ်ကျော်ကြီးပေမဲ့ အခုထိကျန်းမာရေးဒေါင်ဒေါင်မြည်ပဲမလား ၊ ကောင်းဆက်ပိုင်ကိုခေါ်လာတုန်းက သူ့အဖေလက်မှတ်ထိုးပေးဖို့အဆင်မပြေလို့ ဦးသိန်းမောင်ကိုယ်တိုင် ရွာလူကြီးကိုလက်မှတ်ထိုးခိုင်းခဲ့တာနော် ၊ အော် ပြီးတော့ ကျွန်တော်တို့အိမ်လိပ်စာရေးပေးထားခဲ့တဲ့စာရွက်ကော ထောင်ပိုင်နားမှာရှိနေသေးတယ်မလား ဘကြီးဦး "

ဦးတင်ဦး သက်ပြင်းရှည်တစ်ခုကိုချပြီး ခေါင်းငြိမ့်ပြလိုက်ရ၏ ။

" ရှိတယ် သားငယ် ၊ ကိုသိန်းမောင်လွတ်ရင် သူ့ပစ္စည်းတွေ ပြန်ပေးတဲ့ထဲ တစ်ခါတည်းပေါင်းထည့်ပေးဖို့ပြောထားတယ် "

သားငယ်က ပြုံးသည် ။ ထိုအပြုံးက အဓိပ္ပါယ်ဖော်ရခက်တဲ့အပြုံးမျိုးဖြစ်၏ ။

" ရပြီ ... ဘကြီးဦး ၊ ငါးစာပါတဲ့ငါးမျှားချိတ်ကို ငါးကိုယ်တိုင်လာဟပ်သလို သူကိုယ်တိုင် ကျွန်တော်တို့ဆီရောက်လာလိမ့်မယ် ၊ နောက်ဆုံးတော့ဆယ်စုနှစ်တစ်ခုကျော်အောင် စောင့်ဆိုင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ဆန္ဒတွေပြည့်ဝတော့မှာပဲ "

If (Completed) Where stories live. Discover now