*** Part - (37) ***

5.3K 433 22
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်တွေကြာမြင့်လာခဲ့ရင်
တောတောင်ရေမြေတွေတောင်
ပြောင်းလဲတတ်တာ သဘာဝပေမဲ့
မင်းကို ချစ်တဲ့အချစ်တွေကတော့
မပြောင်းလဲ ... ဒီအတိုင်းပါပဲ
ပိုပိုတိုးလာနေခဲ့ ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~~

မမြင်ရတော့လည်း သတိရသည် ။ နှစ်လဆိုတဲ့အချိန်ကာလကလည်း ဟိုရွေ့ဒီရွေ့နှင့် ပြည့်တော့မည်ဖြစ်၏ ။

ကိုကြီးဟာ ယခင်ကတည်းက ကျွန်တော့်ကို ဖုန်းဆက်လေ့ဆက်ထမရှိတော့ ကိုယ့်ဘက်က စပြီးဆက်ရမှာလည်း ခက်နေပြန်သည် ။ ကိုကြီးမရှိဘဲနေလာခဲ့တဲ့နှစ်တွေတုန်းက လွမ်းခဲ့ပေမဲ့လည်း အခုလောက်တော့ မဆိုးခဲ့ဘူးဟု ကောင်းဆက်ပိုင် ထင်မိ၏ ။

အခုကတော့ပြောရမှာရှက်ပေမဲ့လည်း ကိုယ့်နှုတ်ခမ်းကိုမြင်တိုင်း ကိုကြီးဆိုတဲ့လူဆိုးကြီးကို သတိရပါသည် ။ နွေးထွေးလွန်းတဲ့ ခပ်ကျယ်ကျယ်ရင်ခွင်ကိုလည်းလွမ်း၏ ။

ကျောင်းရှိဆောက်လက်စ အုတ်ကျောင်းဆောင်ကြီးကိုမြင်တော့လည်း လွမ်းသည် ။ ကိုကြီးအိပ်ခဲ့တဲ့အိပ်ရာလေးတွင် ဝင်အိပ်ပြီး သူ့ရင်ခွင်ထဲရောက်နေသလို ခံစားရတာလေးကို မြတ်နိုး၏ ။

အရာရာတိုင်းကတော့ လွမ်းမောစရာများနှင့်သာ ပြည့်နှက်နေပါသည် ။

နှစ်လပြည့်ခါနီးတော့ ကောင်းဆက်ပိုင် ပိုပြီးမျှော်မိသည် ။ ဒီနေ့များရောက်လာမလား ၊ မနက်ဖြန်များ ရောက်လာမလားဆိုတဲ့စိတ်နဲ့ ညနေတိုင်းဟင်းတွေပိုချက်မိသည်မှာ ဒီနေ့နဲ့ဆိုရင် ငါးရက်မြောက်ခဲ့လေပြီ ။

ဒီနေ့ကတော့ ထူးခြားသည့်နေ့ဟုပြောရမည်ထင်၏ ။ တစ်နေကုန် စိတ်ထဲနေလို့မကောင်းဘဲ တခုခုကို ဝမ်းနည်းသလိုခံစားနေရသည် ။

ညရောက်တော့ ဝေလင်းဆီ ဖုန်းထဲက Mail တစ်ခုပို့ရင်း လိုင်းပြန်မပိတ်ဘဲအိပ်ပျော်သွားခဲ့၏ ။

ထို့နောက် ည (9) နာရီအချိန်လောက်တွင် တီးလုံးသံကြားသဖြင့် ကောင်းဆက်ပိုင် လန့်နိုးလို့လာသည် ။

ဖုန်းကိုကြည့်တော့ ကိုကြီးက wechat ကနေ ကျွန်တော့်ဆီ video call ခေါ်နေခြင်းကြောင့် အိပ်ချင်နေဆဲစိတ်တွေတောင် ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည် ။

If (Completed) Where stories live. Discover now