#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~တချို့အဖြစ်အပျက်တွေက
ကြိုတင်စီစဉ်ထားသလိုမျိုး
မမျှော်လင့်ဘဲ
ရောက်လာတတ်တယ် ...." ကောင်းဆက်ပိုင် "
~~~~~~~~~~~~~~~~~~~~~~~~~~~~
" သစ္စာ ၊ ငါ့ကိုအရက်ဖိုးပေးခဲ့ဦး "
" မရှိဘူး ကိုသိန်းမောင်ရယ် ၊ မနေ့ကမိုးရွာတော့
ဈေးရောင်းမကောင်းလို့ "ဒီလိုအသံတွေကြားရပြီဆို ကောင်းလေးက အခန်းထောင့်မှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်သည် ။ ကလေးစိတ်ဒဏ်ရာရမှာစိုးပေမဲ့လည်း ကိုသိန်းမောင်တစ်ယောက်နှင့်တော့ ခက်လှ၏ ။
ဈေးရောင်းသွားရင် သားဗိုက်ဆာပြီးကျန်ခဲ့မှာစိုးသည် ။ ထို့ကြောင့် ညကကျန်တဲ့ထမင်းကြမ်းခဲကို ဆီဆမ်းဆားဖြူးကာနယ်ပေးလိုက်ပြီး ရောင်းမည့်ထဲက အကြော်နှစ်ခုထည့်ပေးလိုက်၏ ။
ထို့နောက် ကြော်ပြီးသားအကြော်များကိုဗန်းထဲထည့် ၊ ပုဝါပါးလေးနဲ့အုပ်ကာဈေးသွားရောင်းဖို့ပြင်ရတော့သည် ။ ရွာဘက်ကျတော့ ဒီလိုမနက် အစောလိုက်ရောင်းမှသာ ဘုရားဆွမ်းတင်ရန် ၊ မနက်အစော ထမင်းနဲ့စားရန်ဝယ်ကြသဖြင့် အချိန်မှီရောင်းရမည်မဟုတ်ပါလား ။
" သစ္စာ နင်က နင့်သားကျတော့ကျွေးပြီး ငါ့ကိုကျတော့အငတ်ထားမယ်ပေါ့ ဟုတ်လား ၊ အဲ့ကောင်က
ဒီအိမ်ကိုဘာကောင်းကျိုးတွေပေးနေလို့ ဦးစားပေးခံရတဲ့ဘဝကို ရောက်သွားရတာလဲ ၊ တောက် မွေးကတည်းက အမေကိုသေအောင်သတ်ပြီးမှထွက်လာတဲ့ကောင်ကများ "ကိုသိန်းမောင်စကားများကြောင့် ထမင်းစားနေတဲ့သားရဲ့နားနှစ်ဖက်ကို လက်ဖြင့် အုပ်ထားလိုက်သည် ။
" ကိုသိန်းမောင် ၊ ကလေးကိုအဲ့လိုစကားတွေ မပြောပါနဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ ၊ ကလေး စိတ်ဒဏ်ရာရသွားမယ်လို့ ၊ ပြီးတော့ရှင်က မနက်ခင်းကို ဘယ်တုန်းက ထမင်းစားဖူးလို့လဲ ၊ တကယ် ကလေးကို ရှင်နဲ့ထားခဲ့ရမှာ စိတ်ကိုမချဘူး ၊ ရော့ ရော့ အရက်ဖိုး ၊ ရှင်လိုချင်တာအဲ့တာမလား ၊ ကျွန်မဈေးကို အေးဆေးသွားရောင်းပါရစေရှင် ၊ အိမ်မှာနေပြီး သားကိုပြဿနာမရှာပါနဲ့ ၊ တောင်းပန်ပါတယ် "

BẠN ĐANG ĐỌC
If (Completed)
Lãng mạn#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်