*** Part - (7) ***

6.9K 596 12
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~

ခင်ဗျားသာ
အလိုရှိမယ်ဆိုရင်
အသက်ကိုတောင်
အပိုင်ပေးဖို့ အဆင်သင့်ပါပဲ ..

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~

အရိပ်ရအပင်ကြီး၏အောက်တွင် နောက်ဆုံးပေါ်အဆင့်မြင့်ကားတစ်စီး ရပ်ထားသည် ။ ထိုကားပေါ်တွင်တော့ လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေပြီး ဘာစကားမှမပြောသဖြင့် တိတ်ဆိတ်လျက်ရှိနေ၏ ။

" ဘကြီးဦး .. အခုချိန်ကစပြီးတော့ ကျွန်တော်ပြောမဲ့စကားကိုသေချာနားထောင်ပေးပါ ၊ ဟိုသားအဖနှစ်ယောက်လုံးကို ကျွန်တော် လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး ၊ ကလေးကအပြစ်မှမရှိတာ ဘာညာကျွန်တော့်ကိုလာမပြောနဲ့ ၊ ဒီကလေးမွေးလာတာကိုက အပြစ်ပဲ ၊ ပြဿနာအားလုံးရဲ့အရင်းအမြစ်က အဲ့ဒီ့ကလေးပဲ ၊ သူ့ကြောင့် မေမေက သံယောဇဉ်တွေတွယ် ၊ ဒုက္ခတွေခါးစည်းခံပြီး အသေဆိုးနဲ့သေခဲ့ရတာ "

" သူ့သားကို စောင့်ရှောက်ကျွေးမွေးပေးခဲ့တယ် ၊ သူတို့သားအဖနှစ်ယောက်လုံးကို ရှာကျွေးခဲ့တယ် ၊ ဒီကျေးဇူးတွေကိုမှမထောက် မေမေ့ကိုအမြဲရိုက်နှက်နှိပ်စက်ပြီး သတ်ပစ်ခဲ့တဲ့ အဲ့ဒီ့ကလေးရဲ့အဖေကတော့ အပြစ်အကြီးဆုံးပေါ့ "

သားငယ်ရဲ့မျက်လုံးတွေက ရဲရဲတောက်နီနေသည် ။ ပြတ်သားတဲ့မျက်လုံးတွေမှာ ရက်စက်ခြင်းတွေပါ အပိုရှိနေသေး၏ ။

" အရင်ဆုံး အဲ့လူရဲ့အပြစ်ထက် ငါးဆလောက်ပိုပြီးတော့ ထောင်ကျသွားတာကို ကျွန်တော် မြင်ချင်တယ် "

ဦးတင်ဦး သားငယ့်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်မိသည် ။ သားငယ်ကတော့ ပုံမှန်ပြောနေကျစကားတစ်ခုလို သက်တောင့်သက်သာဖြင့် အေးဆေးပင် ။

" ပြီးတော့ ဟိုကလေး ၊ အဲ့ကလေးကို ကျွန်တော်တို့ခေါ်သွားမယ် ဘကြီးဦး ၊ စကားအသွားအလာအရဆိုရင် ကလေးကိုစောင့်ရှောက်မဲ့လူမရှိတော့ ကျွန်တော်တို့နဲ့ထည့်ပေးလိုက်မယ်ထင်တယ် "

" ကလေးကိုခေါ်သွားဖို့အတွက် သူ့အဖေ လက်မှတ်လိုခဲ့ရင် ဘကြီးဦးပဲ ကြည့်လုပ်ပေးပါ ၊ ကျွန်တော်တို့က အရမ်းမွေးစားချင်နေတဲ့ပုံစံမျိုး မလုပ်ပြခဲ့နဲ့ ၊ စောင့်ရှောက်မဲ့လူမရှိလို့သာ ခေါ်သွားပေးရမဲ့ပုံစံနဲ့ပဲပြောပေးပါ ဘကြီးဦး ၊ ပြီးတော့ ဒီရွာမှာ လျှပ်စစ်မီးသွယ်ဖို့နဲ့လမ်းခင်းဖို့ မတည်ငွေသိန်း (500) လှူခဲ့ပေးပါ ၊ ဘကြီးဦးနဲ့ကျော်ထက်က အဲ့ကိစ္စတွေပြီးမှပြန်လာခဲ့လိုက် ၊ ကျွန်တော်က သာဦးနဲ့ ရန်ကုန်ပြန်နှင့်မယ် "

If (Completed) Wo Geschichten leben. Entdecke jetzt