*** Part - (32) ***

5.5K 473 17
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ်ခြင်းတရားတွေ ထပ်တူညီနေသရွေ့
နှလုံးသားတွေ နီးစပ်နေဦးမှာပဲ ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော (6) လခန့်

ဘုန်းနေသွေး ဒီနေ့ Company မှအိမ်ပြန်ရောက်ချိန် နောက်ကျသည် ။

စောစောပြန်ရောက်ရင်လည်း ဥယျာဉ်မှူးမရှိတဲ့ပန်းတွေအလယ်မှာ ထုံးစံအတိုင်း ကျွန်တော်တစ်ယောက်တည်း အထီးကျန်နေရဦးမည်ဖြစ်၏ ။

နှစ်နဲ့ချီကြာမြင့်ခဲ့ပေမဲ့လည်း လွမ်းရသည့်ခံစားချက်ကို အသားမကျသေး ။ ထို့ကြောင့် အိမ်ကိုစောပြီးလည်း ပြန်မရောက်ချင်ပါ ။

အိမ်ကြီးက သုသာန်သဖွယ် တိတ်ဆိတ်ခြောက်ကပ်နေသည် ။ တစ်အိမ်လုံးကို မီးအမှောင်ချထားပြီး ဧည့်ခန်းထဲ၌ ဘုန်းနေသွေး တိတ်တဆိတ်သာ ထိုင်နေမိသည် ။

ဘကြီးဦးကလည်း သူ့ဇာတိမြေသို့ပြန်သွားတာ (3) ရက်ခန့်ရှိလေပြီ ။ ဘယ်အချိန်မှပြန်လာမည် မသိ ။

ကောင်းဆက်ပိုင်ကတော့ ကျောင်းဆရာတစ်ယောက်ပင် ဖြစ်နေခဲ့လေပြီ ။ စိတ်ကူးထဲမှာတောင်မတွေးဖူးတဲ့ ဘဝတစ်ခုဖြင့်ရှင်သန်နေတဲ့ ကောင်လေးကို စိတ်ကူးထဲမှာပဲ ပုံဖော်တမ်းတမိ၏ ။

ဖြူဖြူသေးသေးကောင်လေးက မထင်မှတ်ဘဲ ကျောင်းဆရာဆိုသော ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပလို့နေသည် ။

တစ်ရွာလုံးက လေးစားချစ်ခင်ကြသည်တဲ့ ။ လူလွှတ်ပြီးစုံစမ်းခိုင်းလို့ရသမျှက ထိုကလေးအဆင်ပြေနေကြောင်းသာဖြစ်၍ ဘုန်းနေသွေး ကျေနပ်ရပါသည် ။

ပြေးတွေ့ချင်ပေမဲ့လည်း ကိုယ့်အပြစ်တွေကို ကိုယ်တိုင်သာအသိဆုံးဖြစ်သည် ။ ကျွန်တော်က ဖြူစင်လွန်းသူလေးနဲ့ မထိုက်တန်တာကို နားလည်ထား၏ ။

အမုန်းတရားတွေကို မင်းဆီပါ ကူးစက်စေခဲ့လို့ တောင်းပန်ပါတယ် ကောင်းဆက်ပိုင် ။ အချစ်တွေပဲပေးခဲ့တဲ့မင်းကိုတောင် ကိုယ်က မုန်းတတ်ဖို့ သင်ပေးခဲ့မိတဲ့ကောင်ပါပဲ ။

တွေးရင်းနဲ့ဖြစ်တည်လာတဲ့အလွမ်းဒဏ်ကို မခံနိုင်တော့ပါ ။ အကြိမ်တစ်ရာမကကြည့်ပြီးသော ပန်းခင်းထဲမှာသီချင်းဆိုရင်းပြုံးနေတဲ့ ကောင်းဆက်ပိုင် video လေးကို နောက်တစ်ကြိမ်ကြည့်ဖို့ ဟန်ပြင်လိုက်သည် ။

If (Completed) Where stories live. Discover now