*** Part - (25) ***

5.4K 476 4
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဟာ လူကိုရူးသွပ်စေပါတယ်
သေမှာမှန်းသိရက်နဲ့
ဆက်တိုက်အော်နေတဲ့ ပုစဉ်းရင်ကွဲလိုပဲ
နာကျင်မှာမှန်းသိရက်နဲ့တောင်
ဆက်ချစ်နေမိတာမျိုးပေါ့ ....

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~

မိုးသည်းနေတဲ့ လမ်းမထက်တွင် ကားကို လီဗာကုန်တင်ကာ မောင်းနေတဲ့ ဘုန်းနေသွေး ။

ချော်နေတဲ့လမ်းမတွေထက်မှာ Slip မဖြစ်အောင် ဂရုစိုက်ရင်း အရှိန်ကိုလည်းမလျှော့မိချေ ။

ကျွန်တော်တစ်ခုခုဖြစ်တာ ကိစ္စမရှိပေမဲ့လည်း ကောင်းဆက်ပိုင် ...

ကောင်းဆက်ပိုင် တစ်ခုခုဖြစ်မှာစိုးရိမ်ပါသည် ။

ဘကြီးဦးတို့ကို စိတ်မပူစေရန်လိမ်ပြောခဲ့ပေမဲ့လည်း ကျွန်တော်ကိုယ်တိုင်တော့ စိတ်ပူနေမှုနှုန်းက စက္ကန့်အလိုက် မြင့်တက်လာနေ၏ ။

ကျွန်တော့်ကြောင့် ... ကျွန်တော့်ကြောင့်များ ဖြူစင်တဲ့ထိုကလေး တစ်ခုခုဖြစ်ခဲ့ပါက ကိုယ့်ကိုယ်ခွင့်လွှတ်နိုင်မှာမဟုတ်တာ သေချာသည် ။ ဖုန်းထဲက " အ " ကနဲ နာကျင်သံကိုကြားစဉ်က စိတ်ပူလွန်းကာ မတ်တပ်ထရပ်မိသည်အထိပင် ။

မျိုးမင်းဦးဆိုတဲ့သူတောင်းစားကိုသာ စိတ်ထဲမှာအကြိမ်ကြိမ်အခါခါသတ်ပစ်ပြီး အမှုန့်ကြိတ်ပစ်ချင်နေသည် ။ 

လောကတွင် တစ်ချို့အရာတွေကနားလည်ရခက်ပါသည် ။

ကိုယ်ကသူ့ကိုမသိပေမဲ့ သူက ကိုယ့်ကို အငြိုးထားနေတာမျိုး ၊ ကိုယ်ကမသိပေမဲ့လည်း သူတို့ရဲ့တစ်ဖက်ခြမ်းတွင်တော့ ကမ္ဘာတွေပါပျက်နေတတ်တာမျိုး ၊ ကျိတ်ပြီးမနာလိုဖြစ်နေတာမျိုးတွေ စသဖြင့် မျိုးစုံကြုံဖူးခဲ့ပေမဲ့လည်း ဒီလောက်ထိစော်ကားထိပါးတာမျိုးတော့ မကြုံခဲ့ရဖူးပါ ။

တွေးကြည့်လေ ဒေါသထွက်လေ ဆိုသလိုပင် ကိုယ်ကသူ့အဖေကိုတောင် မသိပါပဲ ထိုသူတောင်းစားလိုကောင် တောင်းဆိုတာကိုလိုက်လျောပေးရတော့မည့်အခြေအနေဖြစ်နေသည် ။ မတတ်နိုင်ပါ ... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ ။ ချစ်ရသူ မထိခိုက်စေဖို့ဆို ကျွန်တော့်မှာပိုင်ဆိုင်သမျှကိုပေးရရင်တောင် စွန့်လွှတ်ပစ်ဖို့ထိုက်တန်၏ ။

If (Completed) Where stories live. Discover now