*** Part- (4) ***

7.6K 602 0
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

အမုန်းတွေရဲ့နယ်နမိတ်အလွန်မှာ
အချစ်တွေ ရှိနေမှန်းသာကြိုသိခဲ့ရင်
ကိုယ် မင်းကို မမုန်းဖို့ပဲ
ကြိုးစားခဲ့မိမယ်ထင်တယ် ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~~

သုသာန်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့နေသည် ။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ အပူမီးတွေ တောက်လောက်လို့နေ၏ ။

ချစ်ရသူတွေက အေးစက်တဲ့ဒီမြေကြီးအောက်မှာ တည်ရှိနေကြသည် ။ ဒက်ဒီ ၊ ဘွား ၊ ပြီးတော့ မေမေ ... အုတ်ဂူလေးများကအစီအရီ ။

မွေးကတည်းက ဓာတ်ပုံဖြင့်သာ တွေ့ဖူးခဲ့သော မေမေကအသက်ရှင်နေသေးသည်တဲ့ ။ မြင်မြင်ချင်း ဘွားရဲ့လက်ရေးမှန်းသိနေတာတောင် ကျွန်တော်မယုံနိုင်ခဲ့ ။

ချက်ချင်းပဲ ဘကြီးဦးကိုဖုန်းဆက်ခေါ်ကာတစ်အိမ်လုံးကို မေးရသည် ။ ထိုအချိန်မှ ကြီးစန်းတို့ ၊ ကြီးသေးတို့ကော ဘကြီးဦးကော ကျွန်တော့်ကို အမှန်တိုင်းပြောပြကြ၏ ။ ဘွားကိုသေသည်အထိ မပြောပါဟု ကတိပေးထားခဲ့သောကြောင့်ဟု ဆိုကြသည် ။

ဘွားဆုံးပြီးတာတောင် ဘာမှမပြောရဲကြသော ၊ မပြောခဲ့ကြသော ဘွားရဲ့သစ္စာရှိဝန်ထမ်းများကိုလည်းအပြစ်မတင်လိုတော့ပါ ။ ပြီးတော့ ဒိုင်ယာရီကိုအကုန်ဖတ်ပြီးတော့ ဘွားကိုလည်း အပြစ်မတင်ရက် ။

မေမေ့ကို အမြဲလွမ်းနေသော ဒက်ဒီ့ကိုကြည့်ကာ စိတ်မချမ်းသာခဲ့ရသော ဘွား ။ ကျွန်တော်နဲ့ဒက်ဒီ့ဘေးမှာအားလုံးဖြည့်စည်းပေးနိုင်တယ်လို့ကြွေးကြော်ခဲ့ပြီးမှ ကွက်လပ် တစ်ချို့ကိုဖြည့်စည်းပေးခွင့်မရလို့ အမြဲစိတ်ဆင်းရဲခဲ့ရတဲ့ ဘွား ။ ကျွန်တော်နဲ့ဒက်ဒီ့ကိုသိပ်ချစ်တဲ့ ကျွန်တော့်ရဲ့ဘွား ။

အပြစ်မတင်ပေမဲ့လည်း လူ့စိတ်တွေကိုတော့ အံ့ဩမိသည် ။ ထိုမျှလောက်အထိတောင် ဘွားကမေမေ့အပေါ် မကြည်ဖြူခဲ့သည်ပေါ့ ။

ဘာကြောင့်မှန်းတော့မသိ ။ ငယ်စဉ်ကတည်းက ဒက်ဒီက မာမီလို့မခေါ်ခိုင်းဘဲ မေမေလို့သာ
ခေါ်ခိုင်းခဲ့သည် ။ ဒက်ဒီကကျွန်တော်တို့ရှေ့တွင်သာ သန်မာချင်ယောင်ဆောင်ခဲ့ပေမဲ့ မေမေ့အုတ်ဂူသို့ လာတိုင်းငိုခဲ့သည် ။ သေသည်အထိတောင် မေမေ အသက်ရှင်နေသေးတာကို သိခွင့်မရခဲ့သော ဒက်ဒီ ။ အဖြစ်အပျက်တွေက ထိုမျှလောက်အထိတောင် ဆိုးရွားသွားခဲ့၏ ။ ဘွားရဲ့အတ္တတွေကြောင့် နာကျင်ခဲ့ကြရတာ နှလုံးသားတွေ သေဆုံးကုန်သည်အထိ ။

If (Completed) Where stories live. Discover now