*** Part - (22) ***

5.3K 484 17
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဆိုတာ
တိမ်တွေလိုပဲ
ဖမ်းဆုပ်လို့မရတဲ့
ခံစားမှုသက်သက်အနေနဲ့သာ
ဖြစ်တည်တယ် .......

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~

အနည်းငယ်ညဉ့်နက်ပြီဖြစ်ပေမဲ့လည်း ကမ်းခြေတွင် ကျွန်တော်တို့ Company တစ်ဖွဲ့တည်းဖြင့်သာဆူညံလျက်ရှိနေသည် ။

ကံစမ်းမဲနှိုက်တဲ့အစီအစဉ်က ပြီးဆုံးသွားခဲ့လေပြီ ။ ငွေသားဆုမဲပေါင်းများစွာပါပေမဲ့လည်း ကံကောင်းလှတဲ့ကျွန်တော်ကောင်းဆက်ပိုင်ကတော့ မုန့်တစ်ဘူးသာ ရ၏ ။

မီးပုံကိုဝိုင်းပြီးလက်ချင်းတွဲကာ သီချင်းအပုဒ်ပေါင်းများစွာနဲ့ ကရလွန်းလို့လည်း ခေါင်းတွေမူးကာ မောနေပြီဖြစ်သည် ။

ကခုန်ပြီးချိန်မှာတော့ အဖွဲ့များကွဲသွားကြလေသည် ။ ကာရာအိုကေဆိုနေတဲ့သူများကို အားပေးနေသူများကတစ်ဖွဲ့ ၊ သောက်စားဖို့လူစုကာ ထွက်သွားတဲ့သူများကတစ်ဖွဲ့ ၊ ဈေးတန်းပတ်ကြဦးမယ်ဆိုပြီးထွက်သွားသူများကတစ်ဖွဲ့ ၊ Hotel အခန်းသို့ပြန်နားမယ်ဆိုသူများကတစ်ဖွဲ့ဖြင့် အသီးသီးထွက်ခွာသွားကြ၏ ။

ကိုကြီးကတော့ အခန်းဆီပြန်သွားပြီထင်ပါသည် ။ မနက်အစောထကြရမည်ဖြစ်လို့ ကိုကြီးရဲ့ထုံးစံအတိုင်း စောစောအနားယူမှာ သေချာသလောက်ရှိ၏ ။

ကောင်းဆက်ပိုင် အခန်းဆီမပြန်ချင်သေးပါ ။ ပင်လယ်ဆိုတာ စိတ်ထွက်ပေါက်အတွက် ဖွင့်ထုတ်ဖို့အကောင်းဆုံးနေရာဖြစ်လို့ လူတွေဆူညံတဲ့နေရာနဲ့ဝေးတဲ့ကမ်းစပ်ဘက်ကိုသာ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည် ။

လပြည့်ညဖြစ်လို့ ပတ်ဝန်းကျင်တစ်ခုလုံးရှိ အရာအားလုံးကိုထင်းလင်းစွာ မြင်နေရသည် ။

သဲသောင်ပြင်နုနုပေါ်ပစ်လှဲချပြီး နဖူးပေါ်လက်တင်ကာ ကောင်းကင်ကို မော့ကြည့်တော့ ကိုကြီးမျက်နှာကိုမြင်ယောင်လို့လာ၏ ။

ချစ်တယ် ကိုကြီး ...

တစ်ခါမှမချစ်ဖူးသေးတဲ့နှလုံးသားမှာ ငယ်စဉ်ကတည်းက အမြစ်တွယ်ခဲ့လို့ ဖြတ်တောက်ပစ်ဖို့ရာ သိပ်ကိုခက်ခဲလွန်းတယ် ။

If (Completed) Where stories live. Discover now