*** Part - (11) ***

6.2K 565 25
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

ခင်ဗျားနဲ့ပတ်သက်တဲ့
အရာအားလုံးကို
ကံကြမ္မာလို့ တွေးထင်ခဲ့သမျှက
ဖန်တီးယူမှုသက်သက် ဖြစ်နေခဲ့ပါလား ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~

ရာသီဥတုက ကြည်လင်သာယာလျှက်ရှိသည် ။

ဒါပေမဲ့ မြို့နှင့်အတန်ငယ်ဝေးတဲ့ အဆောက်အဦးတစ်ခုတွင်းမှာတော့ မုန်တိုင်းထန်နေ၏ ။

" ပြောကြည့်ပါဦး ၊ ခင်ဗျားရဲ့အကြောင်းပြချက်လေးကို "

သံကြိုးဖြင့်လက်နှစ်ဖက်ကို တွဲလောင်းဆွဲထားလို့ နာကျင်နေတဲ့အချိန် ရေနဲ့မျက်နှာကိုအပက်ခံလိုက်ရသည် ။ ထို့အပြင် ဘုန်းနေသွေးရဲ့ပထမဆုံးမေးခွန်းကြောင့် David ဘာပြန်ဖြေရမည် မသိ ။

" ငါ ငါ မှားသွားတယ် ငါ့ကိုခွင့်လွှတ်ပေးပါ Mr.Bhone ၊ မင်းကို Video နဲ့ခြိမ်းခြောက်ပြီး ငါ့ရဲ့ Company ကိုပြန်ဝယ်ခိုင်းမလို့ပါကွာ ၊ ငါတကယ်ကို မှားသွားပါတယ် "

တောင်းပန်နေပေမဲ့လည်း Mr.Bhone ရဲ့ဓါးသွားလိုစူးရှတဲ့အကြည့်တွေက ကြောက်ဖို့ကောင်းလွန်းနေသည် ။

" အဟွန်း ...  (27) နှစ်လုံး အသက်ရှင်လာတဲ့အတောအတွင်း ကျွန်တော့်ဆံပင်တစ်ချောင်းကိုတောင် ထိရဲတဲ့သူမရှိခဲ့ဘူး ၊ ခင်ဗျားက အရမ်းသတ္တိကောင်းတာပဲ David ၊ ခင်ဗျားနားလည်ထားဖို့က စီးပွားရေးလုပ်ရင်အရှုံးခံနိုင်ရတယ် ၊ အောက်တန်းကျတဲ့ ခင်ဗျားရဲ့အကြံကြောင့် ထိခိုက်နစ်နာသွားခဲ့ရတာက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး ၊ ခင်ဗျားနားလည်လား "

အံ့ကြိတ်ကာပြောနေတဲ့ Mr.Bhone ကိုကြည့်ရင်း David စိတ်ထဲကြောက်ရွံ့လို့လာသည် ။

အပိုင်ကြံထားတာတောင် လွတ်ဖြစ်အောင်လွတ်သွားသေးသည် ။ ဟိုမိန်းမနဲ့ ဟိုကောင်တွေဖုန်းဆက်လာကတည်းက သွားပြီလို့တော့ သိလိုက်၏ ။

ပိုင်ဆိုင်သမျှပစ္စည်းအကုန်ထိုးရောင်းကာ ကိုယ့်နိုင်ငံကိုပြန်ရန်ဆုံးဖြတ်ထားပေမဲ့လည်း နောက်တစ်ရက်မှာပဲ ချက်ချင်းအဖမ်းခံရမယ်လို့တော့ မတွေးမိလိုက်တာ အမှန် ။

If (Completed) Where stories live. Discover now