*** Part - (33) ***

5.7K 457 40
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~

ပန်းပွင့်လေးတွေ အနားမှာ
ကြွေကျလာသလို
မင်းရဲ့အချစ်တွေလည်း
ကိုယ့်ဆီကို
ကြွေကျမြေခပါစေသား ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းရောက်တာနဲ့ စက်ဘီးကို အမြန်ရပ်ပြီး ဆရာတွေနားတဲ့အခန်းသို့သာ ကောင်းဆက်ပိုင် အပြေးလေးသွားမိသည် ။

ကျွန်တော် ရှောင်ထွက်ခဲ့တော့ ကိုကြီးက‌ လမ်းမှာဒီတိုင်းကျန်ခဲ့၏ ။ ကိုကြီးက တကယ်ကိုဆိုးပါသည် ။ နားလည်ရလည်းခက်လှ၏ ။ ဘာလဲ ... အချစ်က လိုက်ရင်ပြေးပြီး ပြေးရင်ပြန်လိုက်တတ်တဲ့သဘောသဘာဝ ရှိနေသည်လားမသိ ။

ကိုကြီးမျက်လုံးများရဲ့ တည်ကြည်လေးနက်နေမှုကြောင့် လိမ်နေတာလားလို့စဉ်းစားဖို့တောင် ဝေခွဲရခက်စေသည် ။

ဒီရွာမှာဘယ်နှစ်ရက်ကြာဦးမှာလဲမေးမိတော့ " မင်းအချစ်ကို ပြန်မရမချင်းတဲ့ " လေ ။

ပြန်ဖြေပုံကရိုးရိုးမဟုတ် ... နှုတ်ခမ်းကိုတစ်ဖက်မဲ့ပြီး ပုခုံးတစ်ဖက်ကိုတွန့်ပြီးပြောခြင်းဖြစ်၏ ။ ကောင်းဆက်ပိုင် ရူးချင်လာပါသည် ။ လောကမှာ ဘယ်သူကမှတော့ ကိုကြီးလိုမာရေကျောရေပုံစံနဲ့ ရည်းစားစကားပြောကြလိမ့်မည်မထင်ပါ ။

မတွေ့ရတဲ့သုံးနှစ်အတွင်းမှာ ကိုကြီးစကားတွေ တတ်လာခဲ့သည်လား ၊၊ ဒါမှမဟုတ် အရင်ကတည်းကတတ်နေခဲ့ပြီး ကျွန်တော်ပဲသိခွင့်မရခဲ့တာလား ။

သေချာတာတစ်ခုကတော့ လောလောဆယ် ကိုကြီးတစ်ခုခုပြောလိုက်တိုင်း ကျွန်တော့်မှာ ဆွံ့အသွားရစမြဲဖြစ်သည် ။ ဘာပြန်ပြောရမလဲတောင် မသိတဲ့အဖြစ်မျိုးနှင့်သာ ကြုံနေရ၏ ။

ကျစ် ... ခင်ဗျားက တကယ်ကို စိတ်ရှုပ်စရာပဲ ကိုကြီး ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းကအပြန် ဒီနေ့မိုးဖွဲဖွဲလေးရွာနေသည် ။ အိမ်မှာ မိုးကာကျန်ခဲ့ပေမဲ့လည်း ရေချိုးရမည့်နေ့ဖြစ်လို့ ကောင်းဆက်ပိုင် မိုးရေထဲ စက်ဘီးစီးကာ ပြန်လာခဲ့လိုက်သည် ။

ပင်လောင်းမှာက ဒီလိုပါပဲ ။ မိုးက အမြဲစွေနေတတ်သည်မဟုတ်လား ။

If (Completed) Where stories live. Discover now