*** Part - (3) ***

8.4K 668 4
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~

အတိတ်တွေကို
ဖျောက်ဖျက်ပစ်လို့မရနိုင်သရွေ့တော့
ခင်ဗျားနဲ့ ကျွန်တော် ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟုတ် သားပါ ၊ ဘကြီးဦး "

ညိုးငယ်လှသောအသံလေးကြောင့် ဦးတင်ဦး စိတ်မကောင်းချေ ။ ထိုအခါ ဒီကလေးမှာမှဖြစ်ရတယ်လို့ပဲကံကြမ္မာကိုသာ ခပ်နာနာ အပြစ်တင်ချင်မိတော့၏ ။

" ပြန်လာမှာလား သားငယ် ၊ ပြန်လာမှတော့ရမယ်ထင်တယ် ၊ ဒီအိမ်မှာ သွေးသားအရင်းအချာဆိုလို့မင်းတစ်ယောက်ပဲရှိတော့တာ မဟုတ်လား "

တစ်ဖက်ရှိ ရှိုက်သံသဲ့သဲ့လေးက ဦးတင်ဦးရင်ကို တစစီခွဲနေသလို ခံစားရသည် ။

" သားချစ်တဲ့သူတွေကိုမှတစ်ယောက်ပြီးတစ်ယောက် အဝေးဆုံးကိုခေါ်သွားနေတာ ၊ သားအပေါ်မှာ ရက်စက်လွန်းရာမကျဘူးလားဟင် ဘကြီးဦး ၊ ဟင့် "

ဘယ်လိုပဲ ဟိုမှာနေလို့ရင့်ကျက်နေပါစေ ၊ 12နှစ်အရွယ်ဆိုတာ ကလေးတစ်ယောက်ပဲမဟုတ်ပါလား ။ ထိုကြောင့် ဦးတင်ဦး သက်ပြင်းတစ်ခုကိုသာ ခပ်လေးလေး ချမိတော့၏ ။

" အလောင်းကိုတော့ ဘယ်လိုမှပြန်မရဘူး သားငယ်ရယ် ၊ လေယာဉ်ရဲ့နေရာတော်တော်များများက မီးလောင်သွားတာဆိုတော့ ဘယ်လိုမှကို ပြန်ရှာလို့မရတော့ဘူး ၊ ဒါပေမဲ့ ဒီဘက်မှာနာရေးစီစဉ်ရမှာပဲဆိုတော့ သားပြန်လာခဲ့နော် ၊ မမေရီတို့ကိုလည်း ဘကြီးဦးခဏနေ ဖုန်းဆက်လိုက်မယ် "

သားငယ်ဘက်မှ ခဏတာငြိမ်သက်သွားပြီးနောက်  ပြတ်သားတဲ့လေသံတစ်ခုက ထွက်ပေါ်လို့လာသည် ။

" ဟင့်အင်း ဘကြီးဦး အခုပဲဆုံးဖြတ်လိုက်ပြီ ၊ သားပြန်မလာတော့ဘူး ၊ ဘကြီးဦးပဲအားလုံးကို သင့်တော်သလိုစီစဉ်ပေးပါ ၊ ဖွားနဲ့ဒက်ဒီဆုံးသွားတယ်ဆိုတာကို သားစိတ်ကလက်ခံနိုင်တဲ့နေ့ရောက်မှပဲ မြန်မာပြည်ကို ပြန်လာတော့မယ် "

ကျိုးကြောင်းဆီလျော်မှုရှိသည့်အပြင် သားငယ်စိတ်ဆင်းရဲရမည်စိုး၍ ဘာမှထပ်မပြောလိုတော့ပေ ။

" ဟုတ်ပါပြီ လူလေးရယ် ၊ ဘကြီးဦးပဲသင့်တော်
သလိုစီစဉ်လိုက်ပါ့မယ် ၊ သားလေးက ကိုယ့်ကျန်းမာရေးကိုယ်ပဲ သေချာဂရုစိုက်ပေး ၊ သေတဲ့သူတွေကသေသွားပြီးပြီ ဆိုပေမဲ့ ရှင်တဲ့လူတွေကလည်းဆက်ပြီး ရှင်သန်အောင်ကြိုးစားနေကြရမှာပဲမဟုတ်လား "

If (Completed) Where stories live. Discover now