*** Part -(21) ***

5.8K 485 20
                                        

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ်ခြင်းမေတ္တာဟာ
သိပ်ကိုလှပပါတယ်
ကိုယ့်အချစ်ကို
သူမသိရင်တောင်
သူ့အပြုံးလေးကအစ
ကိုယ့်ကိုပျော်ရွှင်စေတာမျိုးပေါ့ ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~

" Hello ... ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ ၊ အားလုံးပဲ မနက် (4) နာရီထိုးပြီမလို့ ထလို့ရပါပြီ  ၊ ကျွန်တော်တို့ကတော့ Bus (4) ရဲ့Tour Leader ဖြစ်တဲ့ ကိုမင်းနဲ့ကိုထွေးလို့ခေါ်ပါတယ် ၊ Trip Plan အရ နောက် (10) မိနစ်လောက်နေရင် " The Village Hotel "ကိုရောက်ပါမယ် ၊ အဲ့ဒီ့မှာမျက်နှာသစ် ၊ အဝတ်အစားလဲချင်လည်း လဲလို့ရပါတယ် ၊ ပြီးရင် မနက်စာစားပြီးတော့ တောင်တက်ကားတွေနဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို စတက်ကြပါမယ်ခင်ဗျ "

" ခဏနေကားပေါ်ကဆင်းရင် ကျွန်တော်တို့က မျက်နှာသစ်ဖို့ ပစ္စည်းတွေပေးပါမယ် ၊ မနေ့ညက ကဲထားကြလို့ပင်ပန်းနေကြပေမဲ့ မနက်ခင်းစောစော ကျိုက်ထီးရိုးတောင်ပေါ်ကိုတက်ပြီး ဘုရားဖူးရတာက တစ်ကယ်ကိုကြည်နူးစရာကောင်းပါတယ် ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ "

Tour Leader စကားဆုံးသွားပေမဲ့ နိုးနေရက်နဲ့မျက်လုံးပိတ်ပြီး နားထောင်နေသေးသော ကောင်းဆက်ပိုင် ။ ခေါင်းကိုလေးငါးခါလောက်ဆက်ကာ ညိတ်ပြနေပုံကလည်း အူယားစရာကောင်းနေပြန်၏ ။ 

အိပ်ရေးပျက်ထားလို့ မထချင်သေးတဲ့ပုံစံနှင့် မျက်ခုံးလေးနှစ်ဖက်ကိုကျုံ့ထားသော်လည်း ပါရမီကောင်းမှုကြောင့် ချစ်ဖို့ကောင်းမှုနှုန်းကလျော့ကျမသွားချေ ။

ဘုန်းနေသွေးကတော့ လေးနာရီနီးပါးပုခုံးပေါ်ခေါင်းမှီခြင်းခံထားရတာကြောင့် ပုခုံးတွေနာနေပါသည် ။ ဝန်ထမ်းတွေမြင်သွားမှာစိုးရိမ်ပေမဲ့လည်း CEO ဆိုတဲ့အရှိန်နဲ့ လှည့်မကြည့်ရဲကြလို့သာ တော်သေး၏ ။

Tour Leader ကောင်လေးနှစ်ယောက်ကလည်း ကျွန်တော့်အား ဂရုတစိုက်ရှိပြီးကျန်တဲ့ကိစ္စတွေကိုတော့ အာရုံထားပုံမရလို့သာတော်သေးသည် ။

ထိုစဉ် ကောင်းဆက်ပိုင်နိုးလာပြီး ကျွန်တော့်ဘက်ကိုလှည့်မကြည့်ဘဲ သူ့မျက်လုံးထဲက မျက်ဝတ်တွေကိုသုတ်ရင်း တစ်ချက်သန်း၏ ။

If (Completed) Where stories live. Discover now