*** Part -(10) ***

6.7K 554 18
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

အမုန်းတရားလည်း မရှိပါဘူး
ခင်ဗျားအတွက်ဆို ကျွန်တော်က
ထာဝရ အရှုံးပေးပြီးသားပါပဲ ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~

နေသွေးပြောလိုက်တဲ့စကားကို ထိုကောင်လေးက ငြိမ်သက်စွာဖြင့် ပြန်ဖြေလာသည်က

" ဟုတ် ၊ ကိုကြီး "

တဲ့ ။ ဘာတွေလဲ ။ တကယ်ပဲအလုပ်သမားလား ။ ကျွန်တော်နဲ့စည်သူဆို အံ့ဩလွန်းလို့ ဘာမှမပြောနိုင်တော့ချေ ။ နေသွေးကိုသာ ငေးကြည့်နေမိစဉ် ကောင်းဆက်ပိုင်ဆိုတဲ့ကောင်ချောလေးကတော့ ရောက်စကအတိုင်းပဲ ဘယ်သူ့ကိုမှမော့မကြည့်ဘဲ အပြေးတစ်ပိုင်းသွားလိုက်၏ ။

ထိုအချိန်မှပဲ နေသွေးထံမှ စကားသံပြန်ကြားရတော့သည် ။

" ငါပြောသလို အလုပ်သမားပါဆို ၊ မင်းတို့ငါ့အိမ် အကြောင်းကိုကျေးဇူးပြုပြီးစိတ်မဝင်စားနဲ့ ၊ မင်းတို့ကိုတော့ ငါအဆုံးရှုံးမခံချင်လို့ ၊ ငါ ဘယ်သူ့ကိုမှထပ်မမုန်းချင်တော့ဘူး သူရ ၊ မုန်းရတဲ့ခံစားချက်က ပင်ပန်းလွန်းလို့ "

မျက်ရည်တွေဝဲပြီးပြောနေပါသောကျွန်တော်တို့ရဲ့ (9) နှစ်တာသူငယ်ချင်း ဘုန်းနေသွေး ။ သိန်းပေါင်းသောင်းချီရှုံးရင်တောင် မျက်နှာတစ်ချက် မပျက်တတ်သော ဘုန်းနေသွေးက မျက်ရည်ဝဲနေသည်တဲ့လေ ။

ဒီကိစ္စရဲ့အတိမ်အနက်က တော်ရုံမဟုတ်မှန်း ကျွန်တော်ကော စည်သူပါနားလည်လိုက်ကြသည် ။ ဒီနေ့ နေသွေးရဲ့ Dark side ဘက်ခြမ်းကိုလည်း မြင်တွေ့ခွင့်ရလိုက်၏ ။ ဧည့်သည်များမရောက်ခင် စောရောက်လာမိတဲ့ကိုယ့်ကိုယ်ကော စည်သူ့ကိုပါကျေးဇူးတင်မိပါသည် ။

" ငါတို့မှားသွားတယ် ၊ သူရအစားလည်း ငါကပဲ တောင်းပန်တယ် နေသွေး ၊ ဘယ်လိုပဲဖြစ်ဖြစ်ငါတို့ကသူငယ်ချင်းတွေပဲကွာ ၊ မင်းကပဲခွင့်လွှတ်ပေးပါ ၊ သူရကလည်းပြဿနာရဲ့ အတိမ်အနက်ကိုမသိလို့ စလိုက်မိတဲ့သဘောပါ ၊ ဒီလောက်ကြီးဖြစ်သွားမယ်လို့ ငါလည်းမထင်ခဲ့သလို သူလည်းထင်မှာ မဟုတ်ဘူး "

" ငါတို့ မင်းပြောပြသလောက် မင်းအကြောင်းကိုပဲ စိတ်ဝင်စားတော့မယ် ၊ ကျန်တာစိတ်မဝင်စားတော့ဘူး ၊ အဲ့တော့အရင်လိုပဲ ပြန်နေရအောင် နေသွေး ၊ သူရ မင်းလည်းဝင်ပြောဦးလေကွာ "

If (Completed) Où les histoires vivent. Découvrez maintenant