*** Part - (24) **

5.1K 445 23
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝေးကွာခြင်းက
တစ်သက်စာဖြစ်ခဲ့ရင်တောင်
နောက်ဆုံးနှုတ်ဆက်ခြင်းကိုတော့
လှပစေချင်ခဲ့တယ် ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~

အပြန်လမ်းရှိကားပေါ်တွင် အိပ်ရင်းနဲ့လိုက်လာသော ကောင်းဆက်ပိုင် ...

ဆေးအရှိန်နဲ့ မေ့ဆေးအရှိန်ပေါင်းပြီး နုံးခွေနေသည့်အပြင် ဒဏ်ရာရင်းပြီးဖျားနေတဲ့ကောင်လေးကြောင့် ဘုန်းနေသွေး ကားပေါ်တွင်အရိပ်တကြည့်ကြည့်ဖြစ်နေရသည် ။

" အင့် "ကနဲတစ်ချက်လောက် ညည်းသံထွက်လာရင်တောင် ကျွန်တော့်မှာ ထိုင်ရမလိုလို ထရမလိုလို ။

ကိုယ့်အပြစ်တွေချည်းပါပဲ ကလေးရယ် ...
မကာကွယ်ပေးနိုင်တဲ့အပြစ်ကော ...
အချစ်တွေ ထုတ်မပြနိုင်တဲ့အတွက်ကော ...
နာကျင်စေခဲ့တဲ့ အတွက်ကော ...
ပြီးတော့
နာကျင်ရဦးမှာ အတွက်ကော ...

~~~~~~~~~~~~~~~~~~~~~~~~~~

" အဆင်ပြေရဲ့လား ညီ ၊ ပိန်သွားလိုက်တာများကွာ ... ခြေထောက်ကကော သက်သာရဲ့လား "

ရှေ့ကကောင်လေးရဲ့ နွမ်းလျလျပုံစံလေးကြောင့် ဇွဲနောင် စိတ်မကောင်း ။ ခရီးသွားနေတုန်းကလည်း အနှောင့်အယှက်ဖြစ်မည်စိုး၍ ဖုန်းမခေါ်ခဲ့ပါ ။ အသံလေးကြားချင်ပေမဲ့လည်း ၊ မျက်နှာလေးမြင်ချင်ပေမဲ့လည်း စိတ်ကိုချုပ်တီးထားခဲ့ရသည်မဟုတ်လား ။

ညီက ဘုန်းနေသွေးသဘောမကျလို့ ကျွန်တော့်ကို ရှောင်နေတာ သိသာလှပါသည် ။

အခုလည်း ညီပြန်ရောက်နေခြင်းကိုတောင် အာကာပြောမှသိရခြင်းဖြစ်၏ ။

ဒါပေမဲ့ စိတ်မဆိုးရက်ခဲ့ပါ ။

ခြေထောက်တွင်ဒဏ်ရာရလာတယ်ပြောတော့ စိုးရိမ်စိတ်တွေက များစွာ ။ အရဲစွန့်ကာ အိမ်အထိလိုက်လာမိတော့ ဘုန်းနေသွေးနေတဲ့အိမ်ကြီးရဲ့အနောက်ဘက်တန်းလျားရှိ ညီရှိတဲ့နေရာသို့ ရောက်လာရတော့သည် ။

ဘကြီးဦးခေါ်လာပေးတဲ့ ထိုကောင်လေးရဲ့အခန်းလေးက ချစ်စရာ ။ သန့်ရှင်းတောက်ပြောင်လွန်းနေတာက ယောက်ကျားလေးတစ်ယောက်ရဲ့အခန်းလို့တောင် သံသယဖြစ်လာမိသည်အထိ ။ အခန်းထဲဝေ့ဝိုက်ကြည့်ရင်းမေးတော့ ညီက ကျွန်တော့်ကိုမော့ကြည့်ကာ နွမ်းလျလျပြုံးပြလာ၏ ။

If (Completed) Where stories live. Discover now