*** Part -(15) ***

5.9K 529 37
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်စုံတစ်ရာရဲ့အဆုံးသတ်မှာ
အဲဒီ့အရာနဲ့ဆန့်ကျင်ဘက်
ရှိနေတတ်တာ မေ့သွားခဲ့တယ်
ဥပမာ
အမုန်းရဲ့အဆုံးသတ်မှာ
အချစ်ရှိနေတာမျိုးပေါ့ ...

"ဘုန်းနေသွေး"

~~~~~~~~~~~~~~~~~~~~~~~~~

" ရုံတင်တုန်းကငါတို့သွားကြည့်ခဲ့တဲ့ Disney ရဲ့ Onward လေ ၊ မနေ့က Channel Myanmar ကတင်လို့ Down ပြီးမြန်မာစာတန်းထိုးနဲ့ကြည့်ပြီးပြီ ၊ မင်းတို့လိုချင်ရင် ငါ သက်ညှာပေးမယ် ၊ ကိုဇွဲရှင်းမဲ့ ဒီဝိုင်းကိုနှစ်ယောက်ပေါင်းပြီးရှင်းလိုက်ကြ "

" ဟေ့ကောင် အာကာ Down ရမှာပျင်းစရာကြီး ၊ ဒီဝိုင်းရှင်းပြီး Down ထားတာပဲယူလိုက်ရအောင် "

" အေးပါ မပြောလိုက်ချင်ဘူးနော် ကောင်းဆက်ပိုင် ၊ ကိုဇွဲကိုယ်တိုင်က ကျွေးမယ်ပြောထားတာကို ကြားထဲက ပြိတ္တာလုပ်နေတာ "

"  တွေ့လားကိုဇွဲ ၊ ခင်ဗျားပိုက်ဆံကုန်သက်သာဖို့ ကြိုးပမ်းပေးနေတဲ့ ကျွန်တော့်ကို ပြောဆိုနေကြတာ  "

ဆိုင်ထဲတွင် ကျွန်တော်တို့လေးယောက်တစ်ဖွဲ့သာ ရှိသည် ။ ဒီကလေးတွေနဲ့နေရတာ ဇွဲနောင်ပျော်၏ ။ အမြဲတစေ စကားနိုင်လုကြ ၊ ငြင်းကြနဲ့ ဆူညံလျက်ရှိပြီး စကားဝိုင်းလေးက အမြဲနွေးထွေးနေတတ်သည် ။

T- Shirt အဖြူရောင်လက်တိုကို Jean ဘောင်းဘီအပြာလေးနဲ့တွဲဝတ်ထားသော ကောင်ငယ်လေးကို
ဇွဲနောင် တကယ် ကြည့်မဝချေ ။ သို့သော်အာကာနဲ့ ဝေလင်းရှေ့မလို့ အကြည့်တွေကို မြန်မြန်လွှဲလိုက်ရ၏ ။

" ကိုယ်ရှင်းပေးလည်း ရပါတယ် ညီရယ် ၊ ကိုယ်ကတစ်ဦးတည်းသောသားမလို့ အဖော်အရမ်းမင်တာ ၊ သူငယ်ချင်းလည်းမရှိတော့ မင်းတို့သုံးယောက်မှ မနှိပ်စက်ရင် ကိုယ့်ကိုနှိပ်စက်မဲ့ လူမရှိဘူး ၊ ကဲပါ ကိုယ်ပဲရှင်းလိုက်ပါ့မယ် "

" ရတယ် ကိုဇွဲ ၊ ကျွန်တော်တို့သုံးယောက်က ဒီလိုပဲစနောက်နေကျမလို့ ၊ ကိုဇွဲမရှင်းနဲ့ ... ဒီနေ့တော့ သူတို့နှစ်ယောက်ရှင်းလိမ့်မယ် "

ဆေးရောင်မကူဘဲပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးကိုကြည့်မိတော့ ဇွဲနောင်ရင်ထဲတွင် တသိမ့်သိမ့်နှင့် အခုန်မြန်လာသည် ။

If (Completed) Where stories live. Discover now