*** Part - (16) ***

5.8K 531 14
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ကယ်တော့
ကျွန်တော်ဟာ
တိမ်စိုင်တွေကို
ဆုပ်ကိုင်ခွင့်ရမယ်လို့
မျှော်လင့်နေခဲ့သူ ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~

" ကျွန်တော်ပြောစရာရှိလို့ ဘကြီးဦး "

သားငယ်က ပြောစရာရှိတယ်ဆိုသဖြင့် ဦးတင်ဦးအနည်းငယ်တော့အံ့ဩသွားရသည် ။ မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်တော့ သားငယ်က တစ်စုံတစ်ခုကိုစဉ်းစားနေပုံပေါ်သည် ။

" ပြော သားငယ် ၊ ဘာကိစ္စလဲ "

" တခြားကိစ္စမဟုတ်ဘူး ဘကြီးဦး ၊ ကောင်းဆက်ပိုင်က သင်တန်းတွေပြီးပြီဆိုတော့ အလုပ်ဝင်ရတော့မှာလေ ၊ အဲ့တော့ အိမ်အလုပ်တွေကို ရုံးမတက်ခင်နဲ့ရုံးဆင်းတဲ့အချိန်တွေမှာ လုပ်ဖို့ပြောပေးပါ "

" ဒါပေမဲ့ သူက Audit ဌာနမှာမလို့ ခရီးတွေဘာတွေတော့ထွက်ရမှာပဲ ၊ သူမရှိတဲ့အချိန်တော့ ဘကြီးဦးတို့ အိမ်အလုပ်တွေမနိုင်မှာသေချာတယ် ၊ အဲ့အချိန်ရောက်မှပဲ ကျွန်တော် PartTime Worker ခေါ်ပေးတော့မယ် "

သားငယ်ရဲ့မျက်ခုံးထူထူတွေက ထုံးစံအတိုင်းတွန့်ချိုးနေကြသည် ။ စားပွဲခုံပေါ် တဒေါက်ဒေါက်ခေါက်နေတဲ့ခပ်ရှည်ရှည်လက်ချောင်းတွေအရ တစ်စုံတစ်ခုကို တွေးနေပုံလည်းပေါ်၏ ။ ခြုံပြီးပြောရရင်တော့ သားငယ်ဟာ တစ်ခုခုကို မကျေနပ်နေတဲ့ပုံစံရှိသည် ။

" အစကတည်းက အလုပ်သမားမခေါ်နိုင်လို့ ကောင်းဆက်ပိုင်ကို ခိုင်းနေရတာမှမဟုတ်တာ ၊ သူ့နေရာသူသိအောင် ၊ ပြီးတော့ ကျေးဇူးတွေရှိလို့ အိမ်ခေါ်ပြီးပညာသင်ပေး ၊ ကျွေးမွေးပေးထားတာမဟုတ်မှန်း သိစေချင်လို့ ၊ ရှင်းရှင်းပြောရင် ခိုင်းချင်လို့ကို ခိုင်းနေတာ ဘကြီးဦး "

" အဲ့ဒါကြောင့် ကောင်းဆက်ပိုင်မရှိလည်း အလုပ်သမားသီးသန့်ကြီးမခေါ်ပေးတော့ဘူး ၊ ဘကြီးဦးပြောသလို သူတို့ရှိမှစိတ်မချရဖြစ်နေမှာ စိုးလို့လည်းပါတယ် ၊ HR က ရက်ပိုင်းအတွင်းဆက်သွယ်လာလိမ့်မယ်လို့ ကောင်းဆက်ပိုင်ကို ထပ်ပြောပေးပါဦး ၊ အော် ပြီးတော့ အလုပ်ဆင်းရမဲ့မနက်ခင်းမှာ ကျွန်တော့်ကိုလာတွေ့ပါလို့ "

If (Completed) Where stories live. Discover now