*** Part - (35) ***

5.6K 453 27
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

ဆုပေး ဒဏ်ပေးစနစ်နဲ့ဆိုရင်တောင်
လိုချင်တဲ့ဆုက မင်းရဲ့အချစ် နဲ့
ခံယူချင်တဲ့ အပြစ်ဒဏ်က
မင်းရဲ့ အနမ်းနွေးနွေးထွေးထွေး ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~~

ညဉ့်နက်တာနဲ့အမျှ အအေးဓာတ်ကပိုလာသည် ။ မှောင်မဲနေတဲ့ကတ္တရာလမ်းမကြီးထက်၌ ဘယ်ဘက်တွင်တစ်ယောက် ၊ ညာဘက်တွင်တစ်ယောက် ခပ်သွက်သွက်လမ်းလျှောက်နေကြသော ကောင်လေးနှစ်ယောက် ရှိလေသည် ။ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြပါဘဲ သူတို့ဦးတည်ပြီးသွားနေရာသည် အရှေ့အရပ်ဆီသို့ ။

အပေါ်ပိုင်းက Hoodie ဝတ်ထားလို့မသိသာပေမဲ့လည်း အောက်ပိုင်းရှိပုဆိုးကတော့ လေဝင်လို့ တော်တော်အေးနေပြီဖြစ်သည် ။ လမ်းလျှောက်ရလွန်းလို့ ခြေထောက်တွေလည်းညောင်းနေလေပြီ ။

ညအမှောင်ကိုကျင့်သားရနေပြီဖြစ်တဲ့မျက်လုံးတွေကို အဖော်ပြုရင်း ကိုကြီးနဲ့ကျွန်တော်က ဖုန်းမီးမဖွင့်ဘဲ မသိကျိုးကျွံပြုကာ ဆက်လျှောက်နေကြဆဲ ။ ပိုဆိုးတာက အဖေ့ကိုဖုန်းဆက်ချင်ပေမဲ့လည်း တောထဲဖြစ်လို့ လိုင်းမမိချေ ။

တစ်ဖက်ရှိလမ်းအစွန်းမှာလျှောက်နေတဲ့ကိုကြီးကို ‌မသိမသာခိုးကြည့်တော့ ကျွန်တော့်ဘက်ကိုကြည့်နေတဲ့မျက်လုံးများနဲ့တည့်တည့်ဆုံသည် ။ ကောင်းဆက်ပိုင် ကျောချမ်းသွားပါသည် ။ အေးပြီးသားခြေဖျားလက်ဖျားတွေပင် ပိုပြီးအေးစက်သွားသလိုခံစားလိုက်ရ၏ ။

ကိုကြီးနှင့်စကားမပြောချင်ပါ ။ အကူအညီရလိုရငြား တောင်းကြည့်ကြမယ်ပြောတော့လည်း မသိတဲ့လူတွေနားက အကူအညီမလိုချင်ဘူးဟုဆိုသည် ။ အဲ့လောက်အဖြစ်သည်းနေရင် ခင်ဗျားနေခဲ့ ၊ ကျွန်တော်တစ်ယောက်တည်း သွားမယ်ဆိုတော့လည်း စိတ်မချလို့မသွားရဘူးတဲ့လေ ။ အဲ့ဒါဆို ကားထဲမှာပဲမှန်တွေအကုန်ချပြီး အိပ်ကြမယ်ပြောတော့မှ Hotel လေးဘာလေး ရှိလိုရှိငြားရှာကြည့်ရအောင်တဲ့လေ ။

ကားတံခါးတွေ Lock ချခဲ့ပြီးနှစ်ယောက်သား တည်းစရာနေရာရှာရန် ထွက်လာခဲ့ကြသည် ။ ကိုကြီးကတော့ရူးလှပါသည် ။ အိမ်တစ်လုံးတောင် ရှာတွေ့ရန်မျှော်လင့်ဖို့ခက်ခဲတဲ့ ဒီလိုနေရာတွင် Hotel ရှာရန်စိတ်အားထက်သန်နေသေး၏ ။

If (Completed) Where stories live. Discover now