#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~ခွဲခွာခြင်း
နှုတ်ဆက်ခြင်း
ဝမ်းနည်းခြင်းနဲ့
နာကျင်ခြင်း ..." ဘုန်းနေသွေး "
~~~~~~~~~~~~~~~~~~~~~~~~~~
တင်းကျပ်နေသောခံစားချက်ကြောင့် စကားပြောရန်ပင် အားယူနေရသည် ။ မယုံကြည်နိုင်ပါ ။ ဒါမျိုးဖြစ်စရာ အကြောင်းမရှိ ။
" ဟင့်အင်း မာမီ မဖြစ်နိုင်ဘူး ၊ သားမယုံဘူးနော် ၊ သစ္စာက လောကကြီးထဲကနေ ဒီလိုမျိုးလွယ်လွယ်ကူကူနဲ့ ထွက်သွားမဲ့သူမဟုတ်ဘူး "
အဖြစ်မှန်ကို ဦးနှောက်ကသိနေပေမဲ့လည်း နှလုံးသားက လက်မခံနိုင်ဘူးဖြစ်နေသည် ။
" ကျွန်တော်က တကယ်ကိုအသုံးမကျတဲ့ယောက်ကျားပဲ မာမီရယ် ၊ ကိုယ့်မိသားစုကိုတောင် မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး ၊ သူ ကျွန်တော့်ကိုအမြဲ ပြောနေကျစကားတစ်ခွန်းရှိတယ် ၊ မွေးတဲ့အချိန်လေးပဲ သူ့နားမှာ ရှိနေပေးပါတဲ့ "
" သစ္စာမပါတဲ့အနာဂတ်ကို တစ်ခါမှ မစဉ်းစားဖူးတော့ အခုဘာဆက်လုပ်ရတော့မှာလဲ မာမီရယ် ၊ သားရူးသွားတော့မယ်ထင်တယ် ၊ သားကိုကယ်ပါဦး "
အံ့ကိုကြိတ်ကာမျက်ရည်ကျပြီးပြောလာသော သားကိုမြင်တော့ ဒေါ်တင်မမ စိတ်ထဲမကောင်း ။ ဒါပေမဲ့ဒါတွေက ရုတ်တရက်မလို့လက်မခံနိုင်ဖြစ်နေတာလို့ပဲ ဖြေသိမ့်တွေးလိုက်သည် ။ အရာရာတိုင်းကို အချိန်က ကုစားပေးသွားမှာမဟုတ်လား ။
တကယ်တော့ မဖြစ်သင့်တဲ့ဒီဇာတ်လမ်းကို စခဲ့တဲ့သူက သားပဲလေ ။ ဟုတ်တယ်မလား ။ ဒီကာလ ဒီအတောအတွင်း အပေါင်းအသင်းတွေ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ မာမီဘယ်လောက်ထိတောင် မျက်နှာငယ်ခဲ့ရတယ်လို့ ထင်လဲ ။
မာမီ့မြေးကိုတော့ မဖြစ်မခံနိုင်ဘူး သား ။ အကြော်သည်သားလို့အပြောမခံနိုင်ဘူး ။ အဲ့တာကြောင့် မာမီရက်စက်ရတာပါကွယ် ။ မြေးလေးကိုလည်းအမေမရှိလို့မျက်နှာငယ်ရတာမျိုးမဖြစ်ရလေအောင် မာမီ အကောင်းဆုံးစောင့်ရှောက်မှာပါ ။
သားကိုကြည့်ရင်းပေါ်လာသော အတွေးနယ်ချဲ့နေမှုများကိုရပ်တန့်လိုက်ပြီး ဒေါ်တင်မမ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်ဆင်လိုက်သည် ။

YOU ARE READING
If (Completed)
Romance#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်