#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘဝအဆက်ဆက် ချစ်မယ်လို့
မပြောနိုင်ပေမဲ့ ဒီဘဝမှာတော့
ခင်ဗျား တစ်ယောက်တည်းပါပဲ
ကျွန်တော့်ရဲ့ကမ္ဘာမှာတော့
သက်ဦးဆံပိုင်ဘုရင်စနစ်ကို
ကျင့်သုံးလေတယ်
ခင်ဗျားက သေဆိုသေ ရှင်ဆိုရှင်ပေါ့
အသက်ထက်တောင် ပိုပြီး ချစ်ခဲ့ပြီးပြီပဲ
မချစ်လို့မဟုတ်ဘဲ ဝေးချင်ရုံသက်သက်နဲ့လည်း
စွန့်ခွာပြေးခဲ့ဖူးပြီးပြီပဲ
နောင်တတော့ မရှိပါဘူး
မှားယွင်းခဲ့မယ်ဆိုရင်တောင်
ခင်ဗျားကိုပဲ သံသရာတစ်လျှောက်တော့
ထပ်ခါတလဲလဲ ရွေးချယ်နေဦးမယ်
အကယ်၍ အကယ်၍များပေါ့ .....
" ကောင်းဆက်ပိုင် "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်ခြင်းတရားဟာ
အမြဲတမ်းအနိုင်ရတယ်ဆိုတာ
သင်ပေးခဲ့တဲ့အတွက် မင်းကို
ကျေးဇူးတင်ပါတယ်
လူတစ်ယောက်ကို ချစ်တယ်လို့
ဝန်ခံဖို့အတွက် ကိုယ့်ဘက်က
အချိန်တွေအများကြီး ယူခဲ့ရတယ်
ကိုယ့်နှလုံးသားကို ဓါးနဲ့ပြန်ထိုးစိုက်တာလည်း
ကိုယ်ကိုယ်တိုင်ပါပဲ
ဒါပေမဲ့ သွေးမထွက်ပါဘူးလို့
ဇွတ်ကို ညာနေခဲ့မိတယ်
မျက်ရည်တွေကို အဖော်ပြုရင်း
အမုန်းတရားတွေနဲ့ ရှင်သန်ခဲ့တဲ့
ကိုယ့်ဘဝရဲ့လမ်းပြကြယ်ဟာလည်း
မင်းပါပဲ
ခွင့်လွှတ်တတ်ခြင်းနဲ့
ဖွင့်ဟဝန်ခံခြင်းတွေကိုတော့
မင်းဆီကနေ သင်ယူတတ်မြောက်ခွင့်ရခဲ့တယ်
ပြုခဲ့မိတဲ့အပြစ်တွေများလွန်းလို့
မင်းနားကိုတစ်လှမ်းချင်းတိုးလာဖို့တောင်
ကိုယ်ခြေလှမ်းတွေ မဝံ့မရဲနဲ့
တွန့်ဆုတ်နေခဲ့တယ် ..
ဒါပေမဲ့ ကလေးရယ်
နှလုံးသားရဲ့အလိုရှိရာက
မင်းရှင်သန်ရာအရပ်မှာ ဖြစ်နေတယ်
ကိုယ့်ကမ္ဘာငယ်ဆီကနေ ရုန်းမထွက်ပါနဲ့လား
ကိုယ့်ဘက်က တစ်ရစ်ချင်းချည်နှောင်မှာမလို့
မင်းက ဒီတိုင်းလေး ရှိနေပေးရုံပါပဲ
အကယ်၍ အကယ်၍များပေါ့ ..
" ဘုန်းနေသွေး "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆေးရုံငယ်တစ်ခု၏အရေးပေါ်ခန်းတွင် ခွဲစိတ်ခန်းဝင်နေသောကောင်လေးတစ်ယောက်နဲ့ ထိုအခန်းဝ၌ သည်းထန်စွာငိုကြွေးနေသောကောင်လေးတစ်ယောက်ရှိလေသည် ။ အပြင်တွင် မိုးဖွဲလေးများက တိတ်တဆိတ်ရွာသွန်းနေသည် ။ လေတိုးသံရှူးရှူးရှဲရှဲကိုတော့ သေချာစွာမကြားရဘဲ ကောင်လေးတစ်ယောက်ရဲ့ငိုကြွေးသံများက ဖုံးလွှမ်းနေ၏ ။
VOUS LISEZ
If (Completed)
Roman d'amour#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်
