*** Part - (20) ***

6K 529 26
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

မင်းက သူ့ကိုချစ်ပေမဲ့
သူက မင်းကိုမချစ်ဘူး
ကိုယ်က မင်းကိုချစ်ပေမဲ့
မင်းက ကိုယ့်ကိုမချစ်ဘူး
သုံးယောက်လုံးမှားတယ်လို့
ပြောရအောင်လည်း
ကိုယ်က သက်ဆိုင်သူမဟုတ်ခဲ့ဘူး ...

" ဇွဲနောင် "

~~~~~~~~~~~~~~~~~~~~~~~~~

ကောင်းကင်ကမဲမှောင်ကာ ပြိုကျတော့မည့်မိုးလိုဖြစ်နေသဖြင့် ရာသီဥတုက အေးစိမ့်နေသည် ။ သို့သော် ကားတစ်စီးပေါ်ရှိလူနှစ်ယောက်ရဲ့ရင်ထဲမှာတော့ အသီးသီးပူလောင်နေကြ၏ ။

ဘေးမှာထိုင်ပြီး ကားပြတင်းပေါက်ဘက်ကို လည်ပင်းလိမ်မတတ်လှည့်ထားတဲ့ ကောင်းဆက်ပိုင်ကိုကြည့်ကာ ဘုန်းနေသွေး ဘာပြောရမှန်းပင်မသိတော့ ။

နာကျင်အောင်လုပ်မိခြင်းက မနာလိုဝန်တိုခြင်းမှ စသော ကျွန်တော့်မှာ ဖြေရှင်းချက်မရှိပါ ။ ရိုးသားပါတယ်ပြောနေပေမဲ့ ဇွဲနောင်ဆိုသူ၏အကြည့်များနဲ့ဝန်ခံသလိုလိုစကားများကိုတော့ မရိုးသားမှန်း စိတ်ထဲက သိနေ၏ ။

ချစ်နေကြောင်းကိုဝန်ခံခွင့်မရှိသေးတဲ့ ငါ့ရှေ့မှာတော့ကျေးဇူးပြုပြီး တစ်ခြားတစ်ယောက်အတွက်နဲ့ မျက်ရည်မကျပါနဲ့လား ကောင်းဆက်ပိုင် ။

နာကျင်စေမဲ့စကားတွေကိုပဲ ရွေးပြီးပြောနေရတဲ့ ၊ ဘယ်သူ့ကိုမှရင်မဖွင့်ရဲတဲ့ ဒီကောင်ကလည်း မင်းနာကျင်သလောက် ထပ်တူနာကျင်နေရပါတယ်ဆိုတာ မင်းသိရင်များ ကိုယ့်ကိုလှောင်ရယ်နေဦးမှာလား ။

ပင်ပန်းတယ်လို့တောင် ညည်းညူခွင့်မရှိခဲ့ဖူးတဲ့ကိုယ်ဟာ မင်းရင်ခွင်မှာခိုနားပြီး ဘယ်လောက်ထိပင်ပန်းခဲ့ရကြောင်းတွေ ပြောပြချင်မိတယ် ။ အိပ်မပျော်တဲ့ညတွေဆို နူးညံ့တဲ့မင်းရင်ခွင်ကိုတမ်းတမိတာ အကြိမ်ကြိမ် အခါခါပါပဲ ။

ကိုယ့်ရဲ့နူးညံ့ချင်နေတဲ့ စိတ်အစုံကို မင်းမမြင်အောင် အပေါ်ယံရက်စက်ခြင်းတွေနဲ့ပဲ ဖုံးထားခွင့်ပြုပါကလေးငယ် ။ ကိုယ် တောင်းပန်ပါတယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကြီး ကျွန်တော့်ကိုရှောင်နေတဲ့ကာလပြီးဆုံးသွားပြီထင်ပါသည် ။ စကားတေ့တေ့ဆိုင်ဆိုင်မပြောဖြစ်တာကြာပြီဖြစ်ပေမဲ့လည်း ကံကြမ္မာကဒီလိုပုံစံနဲ့ပဲ ကျွန်တော်နဲ့ကိုကြီးအား တွေ့ဆုံစေချင်သည်ထင်၏ ။

If (Completed) Where stories live. Discover now