*** Part -(8) ***

6.3K 593 22
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

" အခုဘယ်လိုနေသေးလဲ ဘကြီးဦး "

ကျောင်းကနေချက်ချင်းပြန်လာသော သားငယ်ကိုကြည့်လိုက်တော့ အေးစက်နေသော မျက်လုံးများကြောင့် ကျောတောင် ချမ်းသွားသလိုလိုပင် ။

အသက် (22) နှစ်ရှိပြီဖြစ်တဲ့သားငယ်ဟာ အရာရာမှာ တော်လွန်းလှပါသည် ။ စီးပွားရေးအားလုံးကို ကိုယ်တိုင်ဦးစီးနေသည်မှာ နှစ်နှစ်ပင်ပြည့်လုပြီဖြစ်၏ ။ ကျောင်းတက်နေရင်းနဲ့ တစ်ဖက်တွင် စီးပွားရေးအကွက်မြင်လှသော သားငယ်က နှစ်နှစ်အတွင်းမှာပဲ လုပ်ငန်းတော်တော်များများကို တိုးချဲ့လုပ်ဆောင်ခဲ့သည် ။

ကျွန်တော့်ကိုတော့ သားငယ်က သူအလုပ်မအားတဲ့အချိန်များတွင် Company သွားခိုင်းရုံကလွဲပြီး အိမ်မှာပဲ နေစေခဲ့၏ ။

မမကြီးတို့မရှိတော့ပေမဲ့လည်း အစစအရာရာ အဆင်ပြေနေသေးတော့ စိတ်ချမ်းသာရပါသည် ။

ပြောင်းလဲခြင်းများကြား၌ မပြောင်းလဲသောအရာတစ်ခုကလည်း ရှိနေသေးသည် ။ ထိုအရာကတော့ သားငယ်ရဲ့ ကောင်းလေးတို့သားအဖကိုမုန်းတဲ့အမုန်းတွေဟာ နှစ်ကာလကြာရှည်လေ ပိုပြီးတိုးလာလေ ဖြစ်နေ၏ ။

" ကောင်းဆက်ပိုင်လေးက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဖျားနေတာ သားငယ်ရယ် ၊ ဒါပေမဲ့ ကျောင်းကို မရမကသွားလေရဲ့ ၊ ပြီးတော့ ဒီနေ့ ကျောင်းကပြန်လာတော့ သားငယ်အခန်းကိုရှင်းရမဲ့နေ့ဆိုပြီး တားနေတဲ့ကြားထဲကဇွတ်သွားလုပ်တာ ၊ အဲ့ဒါရေချိုးခန်း ၊ အိမ်သာဆေးတော့ လူကအားနည်းနေတာနဲ့ပေါင်းပြီး ချော်လဲတာ ၊ ခေါင်းနည်းနည်းကွဲသွားလို့ နှစ်ချက်တော့ချုပ်လိုက်ရတယ် "

ဘကြီးဦးရဲ့စကားတွေကြောင့် ဘုန်းနေသွေးမျက်နှာကိုမဲ့လိုက်မိသည် ။ အသက် (10) နှစ်သို့ရောက်လာပြီဖြစ်သော ကောင်းဆက်ပိုင် ။ လွန်ခဲ့တဲ့နှစ်ရက်ကဖျားသည်ဆိုတော့ ကျွန်တော်ကားရေဆေးခိုင်းတဲ့ ရက်ပဲဖြစ်မည်ထင်၏ ။

ရွာဘက်ကိုမောင်းထားသဖြင့် ဖုန်တွေပေနေသော ကားအတွင်းအပြင်ကောအောက်ပိုင်းကိုပါ ညဘက်ကြီး တစ်ယောက်တည်းဆေးခိုင်းသဖြင့်ဖျားသွားခြင်းဖြစ်လိမ့်မည် ။

If (Completed) Where stories live. Discover now