*** Part - (26) ***

5.5K 461 15
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~

ရှေ့ကိုပိုမြင်ရဖို့အတွက်
နောက်ကို တစ်လှမ်းဆုတ်မိတယ်
နောက်ကိုဆုတ်ရင်
ပိုပြီးနာကျင်ရမယ်မှန်း သိရက်နဲ့ပေါ့ ......

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~

ခေါင်းမှာ ပတ်တီးစည်းထားပြီး ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ ကောင်းဆက်ပိုင် ။ မျက်နှာနဲ့လည်ပင်းသားနုနုပေါ်မှာတော့ အညိုမည်းရာတချို့က စွဲထင်လျက် ။

ဆေးရုံကားပေါ်မှာ အဖျားတွေတက်ကာ ကယောင်ကတမ်းပြောခဲ့တဲ့ ကောင်းဆက်ပိုင်စကားတွေက ရင်နာစရာကောင်းလွန်းပါသည် ။

" ဟင့်အင်း ကိုကြီးကို မထိနဲ့ "
" ကိုကြီးကို သား ချစ်တယ် "
" သား ... သားကြောက်တယ် "

ပြန်တွေးမိတော့ နှလုံးသားထဲက နာကျင်လို့လာသည် ။ ဘာလို့ ငါ့လိုကောင်ကိုမှ ချစ်ခဲ့ရတာလဲ ကောင်းဆက်ပိုင် ... ဘာလို့လဲ ။

မင်းအပေါ်မှာ ကောင်းခဲ့တဲ့ကောင် မဟုတ်ဘဲ ... နာကျင်စရာတွေပဲပေးခဲ့တဲ့ကောင်ကိုမှ ဘာလို့ချစ်ခဲ့ရတာလဲ ။

ငါ့ဘက်ကပေးခဲ့တဲ့အမုန်းတရားတွေကို မင်းဘက်ကမယူခဲ့တော့ သက်ရောက်မှုမရှိဘူးထင်ပါရဲ့ ။

ငါပဲ ငါတစ်ယောက်ပဲ အမုန်းတွေနဲ့အချစ်တစ်ခုကြားမှာလွန်ဆွဲရင်း ပူလောင်နေခဲ့ရတာဖြစ်မယ် ။

မင်းနားလည်ပေးနိုင်ပါ့မလားမသေချာပေမဲ့ ကိုယ်လေ ကိုယ် မင်းကို ပြောပြခွင့်ရချင်ပါတယ် ။

ဘွားနဲ့ဒက်ဒီရဲ့ကိုယ့်မေမေအပေါ်သဘောထားတွေ ၊ မိခင်မေတ္တာဆိုတာ ဘာလဲလို့မသိခဲ့ရတဲ့အကြောင်းတွေ ၊ အထီးကျန်ဆန်ခဲ့ရမှုတွေ ၊ ကိုယ့်ရဲ့အိပ်မက်ဆိုးတွေ ၊ မင်းကိုငေးကြည့်ရင်း ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ ... ပြီးတော့ မင်းမသိခဲ့တဲ့ မင်းရဲ့ဓာတ်ပုံလေးတွေ ။

ချစ်ခြင်းတိုင်းက ပိုင်ဆိုင်ခွင့်မရှိမှန်း နားလည်ပေမဲ့ စွန့်လွှတ်ဖို့လည်း အဆင်သင့်မဖြစ်သေးပြန်ဘူး ။

အချစ်ဆိုတဲ့ နွံ
ကျွံပြီးရင် ပြန်နှုတ်ဖို့ သိပ်ခက်တယ် ...
အချစ်ဆိုတဲ့ ချောက်
ပြုတ်ကျပြီးရင် အဆုံးအစမဲ့တယ် ...
အချစ်ဆိုတဲ့ ပင်လယ်
သောက်လေသောက်လေ ငတ်မပြေပါပဲ ...
အချစ်ဆိုတဲ့ တိမ်တွေ
ဖမ်းဆုပ်ကိုင်တွယ်ခွင့်မရှိဘဲ
အငွေ့သက်သက်အနေနဲ့သာ ဖြစ်တည်တယ် ...
အချစ်ဆိုတဲ့ တောင်တန်းတွေ
မင်းနဲ့အတူဆုံးပါပဲ ကောင်းဆက်ပိုင်
ကိုယ်က Carbondioxide
တွေထုတ်ပေးနေခဲ့ပေမဲ့ မင်းကတော့
Oxygen တွေကိုပဲ ပြန်ပေးနေခဲ့တယ် ...
ပြီးတော့ အချစ်ဆိုတဲ့ မင်း
နှစ်ဦးနှစ်ဖက်ချစ်နေခြင်းမဟုတ်တာတောင်
ကိုယ့်အတွက် ပြီးပြည့်စုံစေတယ် .........

If (Completed) Where stories live. Discover now