*** Part - (31) ***

6.1K 497 17
                                        

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

သတိ
အရှေ့တွင် ချစ်ခြင်းတရားများရှိနေပါသဖြင့်
ဖြေးညှင်းစွာဖြတ်လျှောက်သွားပေးပါရန် ...

" ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~

ရာသီဥတုက အေးစိမ့်နေတဲ့အပြင် မိုးကပါ သည်းထန်စွာ ရွာသွန်းနေသည် ။ လေစိမ်းများပြင်းထန်စွာတိုက်ခတ်နေပုံကလည်း သွပ်များပင်လန်တော့မလိုဖြစ်နေ၏ ။

လှုပ်ခါနေတဲ့စာသင်ကျောင်းအိုလေးရဲ့ အတွင်းနေရာမှာတော့ မျက်နှာချင်းဆိုင်အနေအထားဖြင့်ရပ်နေကြသော ကောင်လေးနှစ်ယောက် ရှိသည် ။ တစ်ယောက်ကိုတစ်ယောက် မလွတ်တမ်းငေးကြည့်နေပုံက အချိန်အကြာကြီးခွဲခွာနေရသူတွေမှန်း သိသာထင်ရှားစေ၏ ။

ကိုယ့်ရင်ခုန်သံကိုပြန်ကြားရလောက်အောင် ကောင်းဆက်ပိုင် နှလုံးခုန်သံတို့ ပြင်းထန်နေသည် ။ ကိုကြီးကတော့ ထုံးစံအတိုင်းပါပဲ ။ တည်ငြိမ်စွာနဲ့ ကျွန်တော့်ကို စိုက်ကြည့်လို့နေ၏ ။ ကိုကြီးရဲ့မျက်နှာသွင်ပြင်က ရာသီဥတုနဲ့အပြိုင်အေးစက်နေပေမဲ့လည်း ကျွန်တော်ကတော့ ချွေးစေးတွေပင် ထွက်လာသလိုခံစားနေရသည် ။

ပြန်တွေ့ဖို့မမျှော်လင့်ခဲ့ဖူးတော့ ဒီအခြေအနေကို ကောင်းဆက်ပိုင် ရင်ဆိုင်ဖို့ခက်ခဲနေ၏ ။ 

ကိုကြီး ဒီကို ဘယ်လိုရောက်လာလဲ ကျွန်တော်မသိပါ ။ တိုက်ဆိုင်မှုလား ... ဒါမှမဟုတ် ဖန်တီးယူမှုလား ။ ကျွန်တော်တို့သားအဖကိုမုန်းနေသေးတဲ့ ကိုကြီးရဲ့ဖန်တီးယူမှုများဆိုရင် တစ်ဆိတ်တော့ ကိုကြီး လွန်နေပြီထင်ပါသည် ။

သွပ်အပေါက်များမှ တစ်စက်စက်ယိုကျနေတဲ့ မိုးစက်တွေကို လျစ်လျူရှုပြီး ကောင်းဆက်ပိုင် စိတ်ကိုတင်းလိုက်သည် ။

" ခင်ဗျားက ဒီနေရာထိ ဘာလာလုပ်တာလဲ ကိုဘုန်းနေသွေး ၊ တိုက်ဆိုင်မှုမဖြစ်နိုင်တဲ့အတွက် ခင်ဗျားတမင်လိုက်လာတာလို့ပဲ ကျွန်တော် ယူဆတယ်  ၊ ခင်ဗျားဘာလိုချင်လို့ရောက်လာလဲမသိပေမဲ့ ... အားတော့နာပေမဲ့ ကျွန်တော်တို့သားအဖမှာ ပေးစရာဘာမှမကျန်တော့ဘူး "

If (Completed) Where stories live. Discover now