*** Part - (30) ***

5.9K 493 42
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~

ချစ်ခြင်းမေတ္တာတရားကို
မျက်ကွယ်ပြုလို့ ရနိုင်ပေမဲ့
လွမ်းဆွတ်သတိရခြင်းကိုတော့
မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး ...

"ဘုန်းနေသွေး "

~~~~~~~~~~~~~~~~~~~~~~~~~~~

အနက်ရောင် အခန်းကျယ်တစ်ခု ...

တစ်ခန်းတည်းတွင် ပြတင်းပေါက်တွေကများစွာရှိနေသည် ။ အနည်းဆုံး ဆယ်ပေါက်ကျော်လောက်ရှိပြီး ခန်းဆီးစများကလည်း လေတိုက်နေသောကြောင့် လွင့်မျောလို့နေ၏ ။

ဘုန်းနေသွေး အံ့ဩပြီး လိုက်ကြည့်နေစဉ် ကောင်းဆက်ပိုင်က ရုတ်တရက်ပေါ်လာပြီးပြတင်းပေါက်တစ်ခုနားကို တိုးကပ်လို့သွားသည် ။

ဘာလုပ်မလို့လဲလို့ ဘုန်းနေသွေးမေးနေပေမဲ့လည်း ကောင်းဆက်ပိုင်က ကြားပုံမပေါ်ပါ ။ ကျွန်တော့်ကိုလည်း မြင်ပုံမပေါ်ဘဲ ပြတင်းပေါက်ဘောင်ပေါ်သို့တက်ကာ လေဟာနယ်ထဲကို ခြေထောက်နှစ်ဖက်လုံးချလျက် ထိုင်လိုက်၏ ။

ဘာလုပ်တော့မယ်ဆိုတာ ရိပ်မိလာတာကြောင့် ဘုန်းနေသွေး အသံကုန်အော်ဟစ်မိသည် ။ ပြေးသွားချင်ပေမဲ့လည်း ခြေလှမ်းတွေက ရွှေ့မရဖြစ်နေ၏ ။ ကြည့်နေစဉ်မှာပဲ ရုတ်တရက် မျက်စိရှေ့တွင်ပင် ကောင်းဆက်ပိုင်က ခုန်ချသွားတော့သည် ။

" ဟင့်အင်း ... မလုပ်နဲ့ ကောင်းဆက်ပိုင် "

ဘုန်းနေသွေး ချွေးတွေရွှဲနစ်စွာနဲ့ နိုးလာခြင်းဖြစ်ပြီး ခုတင်ပေါ်တွင် ငုတ်တုပ်ထထိုင်လိုက်သည် ။ စိတ်လှုပ်ရှားမှုကြောင့် ရင်ဘတ်တစ်ခုလုံးက တုန်ရီလှိုက်မောလို့နေ၏ ။ အိပ်မက်ဆိုးကိုပြန်လည်မြင်ယောင်လာတော့ မျက်ရည်တစ်စက်က ပါးပြင်ထက်သို့ စီးကျလာသည် ။

ဒီနေ့နဲ့ဆို ကောင်းဆက်ပိုင်ထွက်သွားတာ ငါးရက်ရှိခဲ့လေပြီ ။ အမုန်းနဲ့ပဲထိုက်တန်တဲ့ကျွန်တော့်ကို ချစ်ရသူကမုန်းတယ်လို့ပြောသွားခဲ့၏ ။

ဓာတ်ပုံတွေထုတ်ပြရတဲ့အထိ မဖြစ်ချင်ခဲ့ပေမဲ့လည်း အခြေအနေတွေက အဆိုးဝါးဆုံးအထိဖြစ်ပျက်သွားခဲ့သည် ။

မယုံကြည်နိုင်တဲ့မျက်ဝန်းများနဲ့ ချစ်ရသူဟာ ကျွန်တော့်ကို တွေတွေလေးငေးကြည့်သွားခဲ့သည် ။

If (Completed) Where stories live. Discover now