#Unicode
~~~~~~~~~~~~~~~~~~~~~~~~~လောကမှာ
ငြင်းပယ်ခံရခြင်းထက်
ပိုဆိုးတဲ့အရာကတော့
ဖွင့်ဟဝန်ခံပိုင်ခွင့်
မရှိခြင်းပါပဲ ..." ကောင်းဆက်ပိုင် "
~~~~~~~~~~~~~~~~~~~~~~~~~~
ကိုကြီးကပြောပြီးတာနဲ့ချက်ချင်း လှည့်ထွက်သွားပေမဲ့ ကျွန်တော်တို့ကတော့ ပြဿနာရှင်းလိုက်ရသေးသည် ။ Club ရဲ့ချောင်ကျတဲ့နေရာမှာ ထိုင်နေပေမဲ့လည်း ကိုကြီးထွက်သွားပြီးတာနဲ့ Club လုံခြုံရေးများ ရောက်လာကြ၏ ။
အာကာ့ဦးလေး Club မှာရှိနေတဲ့အချိန်မလို့သာ တော်သေးသည် ။ မဟုတ်ရင် အသက်မပြည့်မှုတွေ ၊ ရန်ဖြစ်မှုတွေဖြင့်အချုပ်ထဲမှာ ညအိပ်ရနိုင်၏ ။
ကိုကြီးပြောခဲ့တဲ့ နာရီဝက်အတွင်းပြန်ရောက်အောင် အာကာနဲ့ဝေလင်းကိုယ်တိုင် ပြန်လိုက်ပို့ကြသည် ။
အပြန်လမ်းတွင် ကားတစ်စီးလုံးက တိတ်ဆိတ်ငြိမ်သက်လို့နေသည် ။ ကျွန်တော်ကတော့ မှန်ကိုမှီထားရင်း အပြင်ဘက်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိ၏ ။
" ကောင်းက ကိုကြီးလို့ခေါ်လိုက်မှ ငါလည်းသူပြောပြောနေတဲ့ ကိုကြီးမှန်းသိတာ ၊ ဘဲကြီးကကွာ ရုပ်ရည်နဲ့မှမလိုက် စောက်ကျင့်ကတစ်စက်မှ မကောင်းဘူး ၊ သူမွေးစားထားတဲ့သဘောမျိုးပဲကိုလည်း အိမ်ကအလုပ်သမားတဲ့ ၊ အဆိုးဆုံးက ကောင်းမှာဘာအပြစ်မှမရှိဘဲ ဘလိုင်းကြီးထိုးသွားတာကွာ ၊ အဲ့ဒါကိုလုံးဝမကျေနပ်ဘူး ၊ ဒီဘဲကြီးကတော့ ... တောက် "
အာကာက တစ်သက်လုံးမြိုသိပ်ထားခဲ့သမျှကို အခုမှဖွင့်ထုတ်ခွင့်ရတဲ့ပုံစံမျိုးဖြင့် ဆက်တိုက်ကို ပြောတော့သည် ။
" ပြီးတော့ ဟိုကိုဦးဆိုတဲ့ ငကြောင်ကောင်ကတစ်မျိုး ၊ သူ့သူအေးဆေး မ Gay ဘဲ ကောင်းဆက်ရဲ့ကိုကြီးနဲ့မကျေနပ်ချက်တွေကို အခုမှလာပြီးရှင်းထုတ်နေသေးတယ် ၊ ဒီနေ့ငါတို့ရဲ့ပျော်စရာနေ့လေး ပျက်စီးသွားတာ စိတ်မကောင်းဘူးကွာ ၊ တကယ်တော့ အားလုံးက အဲ့ဒီ့ Club ကိုခေါ်သွားမိတဲ့ ငါ့အပြစ်တွေချည်းပါပဲ "
ဝမ်းနည်းနေပုံရတဲ့ အာကာ့ကိုကြည့်ပြီး ကျွန်တော် ဘာပြန်ပြောရမည်မသိ ။
YOU ARE READING
If (Completed)
Romance#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်