#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~ကျွန်တော်သည်
ကိုယ်တိုင်ဖန်တီးယူခဲ့သည့်
အရာများကို
ကိုယ့်လက်နှင့် ပြန်လည်ဖျက်စီးပစ်ခဲ့သော
လူတစ်ယောက်သက်သက်ဖြစ်လေသည် ..." ဘုန်းနေသွေး "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဟင် " ဟူသောစကားသံက အဖေ့ဆီမှထွက်လာခြင်းဖြစ်ပြီး ကောင်းဆက်ပိုင်ကိုယ်တိုင်လည်း ဆွံ့အသွားရသည် ။
ပေးဆပ်ခဲ့ပြီးတဲ့လူတစ်ယောက်ကိုတော့ ဒီလောက်အထိ ကိုကြီး မလုပ်သင့်ဘူးထင်ပါသည် ။ လူတစ်ယောက်ကို ကိုယ်တိုင်သတ်ခဲ့ရင်တောင် အဖေ့လောက် အပြစ်ပေးဆပ်မှု များနိုင်ပါ့မလား မသေချာ ။
ဟင့်အင်းနော် ... ကိုကြီး ။ ကျွန်တော် ခင်ဗျားကိုမမုန်းချင်ဘူး ။ ထောင်ထဲမှာဆယ်စုနှစ်တစ်ခုကျော်အောင်ပေးဆပ်ခဲ့ပြီး ခေါင်းဖြူဆံကျိုးနေတဲ့အဖေအရွယ်ယောက်ကျားတစ်ယောက်ကိုတော့ အဲ့လောက်လုပ်ဖို့မလိုအပ်ဘူးမလား ။
တိတ်ဆိတ်ငြိမ်သက်နေမှုက ကောင်းဆက်ပိုင်ခေါင်းကို ဆယ်ပေါင်တူနဲ့ထုနေသလို ခံစားရစေသည် ။
" ကျေးဇူးပြုပြီး အဖေ့ကိုတော့ မလုပ်ခိုင်းပါနဲ့ ကိုကြီး ၊ ကိုယ့်သားအရွယ်လောက်ကောင်လေးတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကိုဒူးထောက်ဖို့ဆိုတာ လွယ်ကူတာမှမဟုတ်ပဲ ၊ အဲ့တော့ အဖေ့အစားကျွန်တော် ဒူးထောက်မယ် ကိုကြီး ၊ ပြော ... ဘယ်နှစ်နာရီ ဘယ်နှစ်ရက်အထိ ဒူးထောက်စေချင်တာလဲ "
မျက်ရည်တွေက သုတ်လို့ပင် မနိုင်တော့ပါ ။ ရင်ဘတ်ထဲကတင်းကျပ်ဆို့နစ်နေတာများ ခိုင်းနှိုင်းပြစရာ စကားလုံးပင် မရှိ ။
ကျွန်တော့်မေးခွန်းအဆုံးမှာ ကိုကြီးရဲ့ ရဲရဲတောက်နီနေတဲ့မျက်ဝန်းတွေနဲ့ထပ်ဆုံပြန်သည် ။ နာကျည်းခြင်းတွေဖော်ပြနေတဲ့မျက်ဝန်းထဲက မာန်တွေက ဘုန်းနေသွေးပီသကြောင်းကို အပြည့်အဝ ဖော်ညွှန်းနေသည် ။
ဟုတ်တယ် ကိုကြီး ...
မုန်းခဲ့တယ်မလား
မုန်းနေတုန်းပဲမလား
ဆက်ပြီးလည်း မုန်းသွားဦးမှာမလား
ဒီတော့ မုန်းလက်စနဲ့ ပိုပြီးမုန်းလိုက်ပါ ...

YOU ARE READING
If (Completed)
Romance#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင်