*** Part - (27) ***

5K 443 8
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~

လက်စားချေခြင်းဆိုတာ
ကျွန်တော့်အတွက်တော့
ကိုယ့်နှလုံးသားကို
ပြန်သတ်ခြင်းတစ်မျိုးပါပဲ ...

" ဘုန်းနေသွေး " 

~~~~~~~~~~~~~~~~~~~~~~~~~

ဆေးရုံဆင်းပြီးတဲ့နောက်ပိုင်းတွင် ကိုကြီးနဲ့ကျွန်တော် တစ်အိမ်တည်းနေပေမဲ့လည်း မတွေ့ဖြစ်ကြတော့ချေ ။ ကျွန်တော့်ဘက်ကလည်း ရှောင်နေသလို ကိုကြီးကလည်း မတွေ့ချင်လောက်တာသေချာသည်မဟုတ်လား ။

ကိုကြီးကို ကောင်းဆက်ပိုင် နားမလည်နိုင်တော့ပါ ။ ထိုနေ့က ဆေးရုံခေါင်မိုးထပ်၌ အိပ်ပျော်လုဆဲဆဲအချိန်တွင် ကိုကြီးရောက်လာခြင်းဖြစ်၏ ။ နဖူးပြင်ကိုနူးညံ့တဲ့အနမ်းတစ်ပွင့်ထိတွေ့လာတော့ ခံစားချက်ချင်း ထပ်တူကျလိမ့်မည်ဟု မျှော်လင့်ကာ ကျွန်တော့်ဘက်က ဖွင့်ပြောမိသွားခြင်းဖြစ်သည် ။

ဒါပေမဲ့ ကိုကြီးက အရင်အတိုင်းပါပဲ ။ ရက်စက်ဆဲ ရက်စက်မြဲ ။ ဒါမှမဟုတ် မျှော်လင့်ခဲ့မိတဲ့ကျွန်တော်ကပဲ ရူးသွားတာလား မပြောတတ်တော့ပါ ။

ကိုကြီးရဲ့ ယောက်ျားချင်းဆိုတဲ့စကားအောက်မှာ ကျွန်တော့်ရဲ့ခံစားချက်တွေဟာ ပုန်းလျှိုးပျောက်ကွယ်ကုန်လေပြီ ။

အိပ်မက်မက်မနေနဲ့တဲ့ ... ဟုတ်တယ် .. အိပ်မက်တွေနဲ့ပဲရူးခဲ့ရတာများလို့ ကျွန်တော့်လိုကောင်က ဖွင့်ပြောမိသွားတာပါ ။ ရုတ်တရက်မလို့ ခံစားချက်တွေကို ထိန်းချုပ်လိုက်ဖို့ မမှီတော့တာ ။

ဒါပေမဲ့ ကိုကြီးဘက်က ခံစားချက်ကိုတော့ စိတ်မဝင်စားတော့ပါဘူး ။ ကျွန်တော်ဖွင့်ပြောခွင့်ရခဲ့ပြီမလို့ ကျေနပ်တယ် ။ ခေတ္တခဏလာရောက်ခိုနားတဲ့ကျွန်တော်က အချိန်တန်ရင် ထွက်သွားရမှာသဘာဝကျပါတယ် ။

ရန်သူတစ်ယောက်ထက် မပိုခဲ့ဖူးဘူးတဲ့ ။ အော်ဟစ်ကာပဲ မေးပစ်လိုက်ချင်ပါသည် ။

ခင်ဗျားတစ်ယောက်ပဲ နာကျင်ခဲ့ရတယ်လို့ ထင်နေတာလား ဦးဘုန်းနေသွေး ...

အဲ့ဒါဆို ကျွန်တော်ကကော ၊ ကျွန်တော် မကျူးလွန်ခဲ့တဲ့အပြစ်တစ်ခုအတွက် ... ခင်ဗျားအလိုအတိုင်းနေပေးခဲ့တဲ့ ကျွန်တော်ကကော ။

If (Completed) Tempat cerita menjadi hidup. Temukan sekarang