***Part - (9) ***

6.1K 587 33
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

မျှော်လင့်ခြင်းဆိုတာ
ပါးရှရှဆုပ်ကိုင်ချင်မိတဲ့အရာပါပဲ
ဝေဝါးပျောက်ကွယ်သွားနိုင်မှန်းသိပေမဲ့လည်း
ဖမ်းဆုပ်ဖို့ကြိုးစားချင်ဆဲပဲ ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟုတ်တယ် ဘကြီးဦး ကျွန်တော်မဖြစ်မနေ party ပေးရမဲ့လူတွေဖြစ်နေလို့ ၊ ပွဲအစအဆုံးအတွက်ကော အစားအသောက်အတွက်ပါ လူငှားထားပြီးသား ၊ ဘကြီးဦးတို့က အိမ်ကလူတွေဆိုတော့ နည်းနည်းပါးပါး သူတို့မသိတာလေးတွေပြောပြပေးရင်ရပြီ "

သားငယ်ပြောသမျှကို ဦးတင်ဦးမှာ စာကျက်သလို လိုက်မှတ်နေရရှာသည် ။

" ကျွန်တော်က ဒီမှာ appointment တစ်ခုဖြတ်ပြီးမှလာခဲ့မယ် ၊ ဧည့်သည်တွေ မရောက်ခင် ကျွန်တော်အရင်ပြန်ရောက်ဖို့တော့ များမှာပါ ၊ အော် ကျွန်တော်ရေချိုးဖို့ ကောင်းဆက်ပိုင်ကို ရေစပ်ခိုင်းထားဦး ဘကြီးဦး ၊ ရေမွှေးနဲ့ နှင်းဆီအဖတ်ကို ဒီနေ့ ပိုထည့်ဖို့လည်း ပြောထားလိုက်ဦး "

သားငယ်ကတော့ ပြောင်းလဲသွားသည်ဟူ၍ ဘာမှမရှိပါ ။ ဖုန်းထဲမှာကော အပြင်မှာပါ လေသံက ပြတ်သားဆဲ ပြတ်သားမြဲ ။

" ဟုတ်ပြီ သားငယ် ၊ အိမ်ကကိစ္စတွေကို ဘကြီးဦးတို့အဆင်ပြေအောင်လုပ်ထားလိုက်မယ်နော် စိတ်ချ "

ဖုန်းချပြီးတာနဲ့ ဦးတင်ဦးတစ်ယောက် စန်းစန်းနဲ့သေးသေးရှိရာ မီးဖိုချောင်ကိုသွားပြီး မှာစရာရှိတာ များမှာရသည် ။

ထို့နောက် ကောင်းလေးကိုတစ်ခြံလုံးအနှံ့ ရှာပုံတော်ဖွင့်ရတော့၏ ။

တွေ့ပါပြီ ။ ယောက်ကျားလေးဖြစ်ပေမဲ့ ပန်းတွေကိုသိပ်ချစ်တတ်တဲ့ကောင်လေးဟာ နှင်းဆီပန်းတွေခြံရံထားတဲ့အလယ်မှာရောက်နေလေရဲ့ ။

" ဘကြီးဦး ၊ သားကိုခိုင်းစရာရှိလို့လား "

ကောင်းလေးမေးမှပဲ ဦးတင်ဦး လာရင်းကိစ္စကို သတိရတော့သည် ။

" ကောင်းလေးရေ မင်းကိုကြီးဖုန်းဆက်လာတယ် ၊ သူ ၃ နာရီလောက်တော့ ပြန်ရောက်မယ်ထင်တယ် ၊ သားကအချိန်ကြည့်ပြီးတော့ ရေချိုးဖို့ စပ်ထားပေးပါတဲ့ ၊ ထည့်နေကျရေမွှေးနဲ့ပန်းကိုတော့ ဒီနေ့ ပိုထည့်ပေးပါလို့ပြောတယ် "

If (Completed) Where stories live. Discover now