*** Part - ( 38) ***

5.2K 427 29
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်တို့နှစ်ယောက်လုံး
အဝေးကနေပဲ ချစ်ခဲ့ကြပြီးပြီ
နာကျင်ခဲ့ကြပြီးပြီ
ဝေးခဲ့ကြပြီးပြီ
ဒီတစ်ကြိမ်မှာတော့
အကယ်၍များပေါ့
အခွင့်ရှိခဲ့ရင်တော့
ခင်ဗျားနဲ့ နီးစပ်ခွင့်ရချင်မိတယ် ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကိုယ် မနက်ဖြန် ပြန်တော့မယ် ...  ညီ "

တိုးလျတဲ့စကားကိုပြောလိုက်တော့ ညီက အားနာရိပ်စွန်းထင်းသောမျက်ဝန်းများဖြင့် မော့ကြည့်လို့လာသည် ။

ကျေးဇူးပြုပြီး အားမနာပါနဲ့လား ညီ ။ ကိုယ်လိုချင်တာ မင်းဆီကအဲ့ဒီ့အရာတွေမှမဟုတ်ပဲ ။ ကိုယ်က ကိုယ့်ကြောင့်ဆိုတဲ့ခေါင်းစဉ်နဲ့ မင်းဆီမှာ စိတ်ရှုပ်စရာတွေ မရှိစေချင်ခဲ့သူပါ ။

မဖြစ်နိုင်မှန်းသိရက်နဲ့တောင် ပင်ပန်းခဲ့တဲ့မင်းရဲ့ဘဝကို စောင့်ရှောက်ခွင့်လေးရချင်ခဲ့မိတာပါ ။ ကိုယ် အရမ်းများ လောဘကြီးသွားခဲ့လေသလား ။

ဆုံစည်းခွင့်မရခဲ့ခြင်းကို အပြစ်ပြောချင်ပေမဲ့လည်း မတွေ့ဆုံခဲ့ကြရင်အကောင်းသားလို့တော့ မပြောရက်ပါဘူး ညီ ။

ချစ်ခြင်းတိုင်းက အပြစ်ကင်းတယ် မဟုတ်လား ...

" ဟိုကနေ ကျွန်တော့်ကို ဆက်သွယ်ဦးနော် ကိုဇွဲ ၊ ပြီးတော့ မြန်မာပြည်ပြန်လာရင်လည်း ကျွန်တော့်ဆီကို အချိန်မရွေး အလည်လာခဲ့ပါ "

ကျွန်တော့်မျက်လုံးများကို တည့်တည့်မကြည့်ဘဲ ရှောင်ဖယ်နေပါသော ညီ ။

မလိုပါဘူးကွာ ... ကိုယ့်ကြောင့်နဲ့ မင်းစိတ်အနှောက်အယှက်ဖြစ်နေတာကို မြင်ရတာ ရင်တွေပိုနာရလို့ပါ ။

တကယ်တော့ ဒါက နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းများလား ။ ကျွန်တော်ကိုယ်တိုင်တောင် သေချာမသိသေးပါ ။ လောလောဆယ်တော့ လရောင်နဲ့မီးရောင်အောက်မှာ ချစ်စရာကောင်းချင်တိုင်းကောင်းနေတဲ့ညီ့ကို ငေးစိုက်ကြည့်နေမိ၏ ။

" ဟုတ်ပါပြီဗျာ ၊ တစ်ခုလောက်ပဲ ကိုယ်တောင်းဆိုပါရစေ ၊ အကယ်၍များ အကြောင်းတစ်ခုခုတိုက်ဆိုင်ခဲ့ရင်တော့ ကိုယ့်ကိုသတိရပေးမယ်မလား "

If (Completed) Where stories live. Discover now