1

30.3K 2.6K 58
                                    

"အိမ်ပြေးကောင် ရောက်နေပြန်ပြီလား အမေ"

မီးဖိုချောင်ထဲရှိ သစ်သား ထမင်းစားပွဲဝိုင်းပုလေးတွင် ဆောင့်ကြောင့်ထိုင်ကာ ထမင်းစားနေသည့် မာန်ပြည့်က သူ့အိမ်သူ့ယာလိုပင်။

"သူငယ်ချင်းကို အဲ့လိုမခေါ်ရဘူးလေ ရာဇာ"

အမေက ဝင်ဟန့်သော်လည်း ရာဇာက ဂရုမစိုက်ပါ။ သူ့အား အဖက်မလုပ်သည့် မာန်ပြည့် တင်ပါးကိုပင် လှမ်းကန်လိုက်သေးသည်။

"ဟေ့ကောင် စောက်ဖက်လုပ်..ငါ့ အမေကို ထမင်းဖိုး ပေးထားလို့ လာလာစားနေတာလား"

သူပြောနေသည့် စကားများကို မာန်ပြည့်က ဖုတ်လေတဲ့ငပိ ရှိတယ်လို့ပင် မထင်သလိုဖြင့် စတီးဇလုံထဲက တစ်လုံးတည်း အဖော်မဲ့စွာ ကျန်နေသည့် ကြက်ဥကို ထမင်းစိများ ပေနေသည့် လက်ဖြင့် လှမ်းနှိုက်နေလေသည်။
အပြောထက် အလုပ်က မြန်သည်။

"အိမ်ပြေး..အဲ့တာ ငါ့ဝေစု"

ပါးစပ်နားသို့ပင် ရောက်ကာ အကိုက်ခံရတော့မည့် ကြက်ဥကို ရာဇာ လှမ်းလုယူလိုက်ရသည်။

"မငတ်ချင်ရင် စောက်စကားမများနဲ့ ထမင်းလာစား"

သူခိုးက လူပြန်ဟစ်နေသေးသည်။သူများ အိမ်ပေါ်တက်ပြီး သူများအိမ်က ထမင်းစားပြီး အိမ်ရှင်ကို ခွေးလိုပြန်ဟောင်နေသေးသည်။

"ကျွေးတဲ့လက်ကို ပြန်မကိုက်နဲ့...မေချိုနဲ့ ဘာဖြစ်လာပြန်တာလဲ..ဟာ ထမင်းက နည်းနည်းပဲ ရှိတော့တယ်"

ဇလုံတစ်လုံးကို ရေဆေးပြီး ထမင်းအိုးအဖုံးကို ဖွင့်ကြည့်လိုက်တော့ ထမင်းခဲလေး တစ်ခဲသာ ကျန်တော့သည်။

"မင်း အိမ်ကို ထမင်းပြန်သွားယူပေးကွာ ငါ ဗိုက်ဆာနေတာ"

မေချိုနဲ့ ဘာဖြစ်လာလဲဆိုတာကို ရာဇာမသိချင်တော့..စိတ်လည်း မဝင်စားတော့ပေ။ သူသိသည်က ဒီထမင်းခဲလေးနဲ့ ဘယ်လိုမှ မဝနိုင်။

"လက်ဖက်ရည်ဆိုင်က ၂၀၀ဖိုး ဝယ်စားလိုက်ကွာ..အိမ်ကို မသွားချင်ဘူး"

ပန်းကန်ဆေးသည့် ကျောက်ပြားတွင် စားပြီးသား ပန်းကန်ကို ဒီတိုင်းထားပြီး သူ့လက်သူသာ ပြောင်အောင်ဆေးနေသည့် သကောင့်သား အကြောင်း ရာဇာ နောကြေနေပြီပင် ဖြစ်သည်။ တစ်ခါတစ်လေ သူ စဉ်းစားမိသည် သူများအိမ်မှာ ထမင်း အလကားလာလာစားပြီး လူပါးဝရသည်ကို မာန်ပြည့် အားမနာဘူးလားဟု တွေးမိသေးသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ