S-2 EP 4

10.8K 926 137
                                    

''မင်း ဝါသနာပါတာကို ငါက ထောက်ပံ့မှာပါ၊ မင်း ဘာလုပ်ချင်လဲ။''

ရာဇာက သူ့မျက်နှာကို ပြုံးကြည့်ရင်း မေးသည်။ မာန်ပြည့် မျက်နှာလွှဲလိုက်သည်။ ဘာလုပ်ချင်လဲ မေးလာတော့လည်း သူ လုပ်ချင်တာရယ်လို့ မယ်မယ်ရရ မရှိပေ။

ထိုအခါမှ သူစဉ်းစားမိသည်။ သူ ဒီအသက်အရွယ်ထိ ရာဇာ့ကို ဖွန်ကြောင်ဖို့တစ်ခုပဲ စိတ်ဝင်စားခဲ့ပုံရသည်။

ဘာလုပ်ချင်လဲ မေးသည်ကို မဖြေဘဲ သူ့မျက်နှာကိုသာ ပြန်စိုက်ကြည့်နေသည့် မာန်ပြည့်ကြောင့် ရာဇာပြုံးလိုက်သည်။

''ဒါဆို မင်း ဘာဝါသနာပါလဲ မင်းလုပ်ချင်တာ ဘာလဲဆိုတာ ငါနဲ့အတူရှာကြည့်မယ်လေ၊ မင်းဘေးမယ် ငါရှိနေတာပဲ ဘာတွေ စိတ်ပူနေတာလဲ။''

ရာဇာ့စကားကြောင့် မာန်ပြည့် ရယ်သည်။ သူ့မှာ ရာဇာရှိနေလျက်နဲ့ သူ့အနာဂတ်သူ စိတ်ပူနေစရာလား။

''ဘယ်က စိတ်ပူရမှာလဲကွာ၊ ငါ ဘာကို စိတ်ဝင်စားနေလဲ ငါကိုယ်တိုင်မသိအောင်ကို မင်းအကြောင်းတွေပဲ စိတ်ဝင်စားနေခဲ့တာဆိုတာ တွေးနေတာ''

''အေး အဲ့တာတော့ ဟုတ်တယ်၊ မင်း တော်တော် မလွယ်တဲ့ကောင်''

အနည်းငယ် ရှက်ချင်နေတဲ့ ရာဇာက သူ့မျက်မှန်အသစ်အား ပင့်တင့်၍ မျက်နှာလွှဲကာ ရယ်ပြန်သည်။

''မင်းက တော်တော်လွယ်တယ်လေ''ဟု မာန်ပြည့် ခပ်တိုးတိုး ရွတ်လိုက်သည်။

''အိမ်ပြန်တော့မယ်ကွာ၊ မနက် ကျောင်း go ရဦးမယ်''

အပြောထက် အလုပ်ကမြန်သည့် မာန်ပြည့်တစ်ယောက် ချက်ချင်း တံခါးဝသို့ ရောက်သွား၍ အမြန်လိုက်ရသည်။

''မနက် ငါ လိုက်ပို့မယ်လေ..''

''နေပါကွာ..မင်း အလုပ်တွေများနေတာ ငါ သိတာပဲ၊ငါ ကလေးမဟုတ်ပါဘူးကွ၊သွားပြီ...လိုက်မပို့နဲ့တော့.."

ပြောချင်ရာပြောကာ အိမ်ထဲမှ ထွက်သွားသည့် မာန်ပြည့်ကို ရာဇာ ခေါင်းတညိတ်ညိတ်နဲ့သာ တံခါးပေါက်ဝတွင် မတ်တပ်ရပ်ရင်း ကျန်ခဲ့ရသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Donde viven las historias. Descúbrelo ahora