"မေချို..မာန်ပြည့် ရှိလား"
"ရှိပါ့တော်..ခုချိန်ထိ သေနေတုန်း"
မေချိုရဲ့ မေတ္တာပို့စကားများကြောင့် ရာဇာ့နောက်မှာ ရပ်နေတဲ့ ပန်ပန်က ခိုးခိုးခစ်ခစ် ရီသည်။ သူလည်း ပြုံးစိစိတော့ ဖြစ်သွားပါသေးသည်။ နေ့ခင်း (၁)နာရီထိ အိပ်နိုင်တဲ့ မာန်ပြည့်ကိုလည်း ချီးမွှမ်းပါသည်။
သုံးယောက်လုံး ကျောင်းပိတ်နေသည့်အတွက် ပရဟိတ အလုပ်အဖြစ် လမ်းထိပ်အမှိုက်ကန် ဘေးပတ်လည်ကို သန့်ရှင်းရေး လုပ်ပေးရန် တိုင်ပင်ထားကြခြင်း ဖြစ်သည်။
"ကိုကို သွားနှိုးလိုက်မယ်..ပန်ပန်က မေချိုနဲ့ ခဏထိုင်နေခဲ့"
"မိပန်..လာ..မုန့်လာစားဦး"
မေချိုက မိပန်ကို လှမ်းခေါ်ပြီး မုန့်ဘူးထဲက မုန့်တွေ ထုတ်ပေးနေသည်။ အစားမက်သူ မိပန်တို့က တဟဲဟဲ ဖြင့် သဘောကျလို့ နေတော့သည်။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဆေးလိပ်နံ့က ထောင်းကနဲ ပင်။ နေဖင်ထိုးသည် အထိ အိပ်နေသည့် ကောင်က ကသေကမောဖြင့် ရုပ်ပျက်ဆင်းပျက်။ နှာခေါင်းထိပ်မှာ အဆီတဝင်းဝင်း ဖြစ်နေသေးသည်။
"ဒီကောင်နဲ့ ရတဲ့ မိန်းမတော့ မနက်အိပ်ယာထတာနဲ့ သူ့စောက်ခွက်မြင်ပြီး လန့်သေလောက်တယ်"
ဒီစကားက ရာဇာ တစ်ယောက်တည်း ရေရွတ်လိုက်ခြင်း ဖြစ်သည်။ စာကြည့်စားပွဲပေါ်မှာ ဆယ်တန်းစာအုပ်တွေက ယခုချိန်ထိ ရှုပ်ယှက်နေသေးသည်။ ဆေးလိပ်ခွက်ထဲ ဆေးလိပ်တိုတွေက မနည်းမနော။ ကုတင်ခြေရင်းမှာ ဂစ်တာက လဲကျနေသည်။ အဝတ်တန်းအသေးစားပေါ်မှာ အင်္ကျီတွေက တွဲလျားကျနေသေးသည်။
စိတ်ပျက်စွာဖြင့် မာန်ပြည့် တင်ပါးကို ခြေထောက်ဖြင့် ကန်ကာ သူနှိုးရတော့သည်။
ခြေထောက်ဖြင့် ကန်သည်ကို လက်ဖြင့် ပုတ်ပေးသလို တစ်ဖက်သို့ လှည့်ကာ ပြန်အိပ်သွားသည်။"မာန်ပြည့်..၂ နာရီတောင်ထိုးတော့မယ်ကွ..ထတော့"
"အင်း...၃နာရီလောက် နေအေးမှ စလုပ်မယ်လေ"
"မရဘူးကွ..ငါ ညနေ စာသင်ဖို့ရော..ညပိုင်း အလုပ်ရော ရှိသေးတယ်.ထကွာ.."
BẠN ĐANG ĐỌC
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...