ရေပိုက်ခေါင်းမှ ဝေါကနဲကျလာသည့် ရေများကို လက်ခုပ်ဖြင့်ခံကာ မျက်နှာထက် တဗွမ်းဗွမ်းဖြင့် ပတ်ဖြန်းလိုက်သည်။
ညာဘက်ပါးပြင်ကိုလည်း ရေဖြင့် ထပ်ခါတလဲလဲ ဆေးကြောနေမိသည်။ အာကာနမ်းလိုက်တာ။ သူ့ပါးကို အာကာ့နှုတ်ခမ်းတို့နဲ့ ဖိကပ်ကာ နမ်းလိုက်ခြင်း ဖြစ်သည်။
ရွံ့စရာကောင်းလွန်းသည်။ မုန်းတီးလွန်း၍ ထိုနေရာမှာတင် ဆွဲထိုးပစ်လိုက်ချင်သည်။"ဒီအကြောင်းတွေ ဘေးလူသိသွားတဲ့နေ့..နင်ထောင်နန်းစံရမှာ ရာဇာ"
သံသာ့၏ ခြိမ်းခြောက်စကား ဖြစ်သည်။ မိန်းကလေး တစ်ယောက်က ထိုမျှ ရက်စက်ယုတ်မာဖို့ လိုအပ်သလား။
ထူးဆန်းသည်။ အာကာ ပွတ်သီးပွတ်သပ် လုပ်နေချိန် သူ့စိတ်အာရုံထဲ မာန်ပြည့်ကသာ နေရာအပြည့်ယူတော့သည်။ ဒီနေရာမှာ မာန်ပြည့်သာဆိုလျှင် ဟူသော အတွေးကလည်း အချိန်တိုင်း ရာဇာ့ကို တိုက်စစ်ဆင်နေသည်။
####
"ကားပေါ်က မဆင်းနဲ့တော့ ရတယ်"အာကာက ဝိရိယတော့ ရှိသည်။ သူမနက်အလုပ်ဆင်းသည့်အချိန်တိုင်း ဆိုင်ရှေ့တည့်တည့်ကို ရောက်လာကာ အိမ်ပြန်ပို့ပေးသည်။
အခုလည်း ကားပေါ်က ဆင်းလာကာ ရာဇာ့ရှိသည့် ဘက်ခြမ်းသို့ ကွေ့လာသည်။ပုခုံးနှစ်ဖက်ပေါ် လက်တင်လာသည့် အာကာ့ကြောင့် သူ ထိတ်ပြာသွားသည်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ရန်ကုန်၏ မနက်လေးနာရီက အိမ်မောကျစရာ အကောင်းဆုံးအချိန်ဖြစ်၍ လမ်းမထက် တိတ်ဆိတ်ငြိမ်သက်နေသည်။
အာကာက ခြေဖျားထောက်ကာ ရာဇာ့မျက်နှာတည့်တည့်ထံ ဦးတည်လာသည်။ သူ အလျင်အမြန် မျက်နှာကို တစ်ဖက်သို့ လွှဲချလိုက်သည်။ အာ့ကာ နှုတ်ခမ်းများက သူ့ပါးပြင်ကို ဒုတိယအကြိမ် ထိတွေ့လာပြန်သည်။
တစ်ယောက်ယောက် သူ့ကို ဒီအခြေအနေက လာဆွဲခေါ်ပေးကြပါ။ သူ့ကိုယ်သူပင် အော်ကလီဆန်လာတော့သည်။
"ရာဇာက ရှက်နေတုန်းပဲ..ကျွန်တော်က နမ်းချင်နေပြီ။ ဖြည်းဖြည်းချင်းပေါ့..ကျွန်တော်သွားတော့မယ်"
YOU ARE READING
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...