5

13.9K 2.1K 100
                                    

Mailbox ကိစ္စကြောင့် ကျောင်းလာရသည်ကိုတောင် ရာဇာ နောက်ကျောမလုံတော့။ ပုံမှန်ဆို ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို သတိမထား ဂရုမစိုက်တတ်သော်လည်း ယခုအချိန်မှာတော့ ဘေးဘီဝဲယာကိုသာ လိုက်ကြည့်နေမိသည်။ ဓာတ်ပုံခိုးရိုက်ပါက ကာကွယ်ရန် အလို့ငှာ ဆယ်တန်းအောင် အထိမ်းအမှတ် လက်ဆောင်အဖြစ် မာန်ပြည့်ဝယ်ပေးထားသည့် နှီိညိုရောင် လျှာထိုးဦးထုပ်ကိုပါ ဆောင်းလာရတော့သည်။

"ဟိတ်..roll 1.."

လျပ်တပြတ်ဆိုသလို ဘယ်ချောင်က ထွက်လာမှန်း မသိသည့် EC က ရင်းနှီးနေသလို ပုခုံးကို ပုတ်သည်။

"EC..ပြောစရာရှိတာနဲ့ အတော်ပဲ..ကျောင်း mailbox က ငါ့ပုံတွေကို ဖျက်ခိုင်းဖို့ ဘယ်သူ့ကို ပြောရမလဲ"

ခပ်တည်တည် ခပ်ပြတ်ပြတ် သူ့စကားတို့က ECအတွက် စိတ်ခုစေနိုင်မှာ သိသော်လည်း ဒါက သူ့ပုံစံပင်။

"အဲ့လို page က စီနီယာတွေ ကိုင်တာ နေမှာပေါ့..ငါလည်း မသိဘူး..အဲ့လောက်ထိ ဖြစ်ပျက်မနေပါနဲ့ဟာ"

ဦးထုပ်ကို ဆွဲချွတ်ကာ ခေါင်းကုတ်မိတော့သည်။ လူတွေက Privacy မရှိကြတော့ပေ။ လူတစ်ယောက်၏ ပုံကို social media မှာ တင်ဖို့အတွက် ထိုလူ၏ ခွင့်ပြုချက် လိုအပ်မှန်း ပညာတတ်လူငယ်တွေ အနေနဲ့ သိထားသင့်သည်။ အပျော်တမ်း ဆိုသော်လည်း Ethic ရှိသင့်ဟု ထင်သည်။

"နင် အဲ့လောက်ထိ မကြိုက်ရင် Page Chatbox ကို သွားပြောကြည့်လေ..ပြန်ဖျက်ပေးလောက်မှာပါ"

စိတ်ပျက်ငြီးငြူးနေသည့် သူ့ပုံစံကြောင့် EC က အကြံပေးလာသည်။

"အေး..သွားပြောကြည့်လိုက်မယ်..ကျေးဇူး"

ISH အဆောင်ရှေ့မှာစကားရပ်ပြောနေကြရင်း ကားသော့ တယမ်းယမ်းနှင့် အာကာက EC နှင့် ရာဇာ ရှိရာသို့ လျှောက်လာသည်။

"သာလိကာ..ဘာတွေ လေပွားနေပြန်ပြီလဲ"

"LRC အဆောင်က ဟိုဘက်က သွားရင် ပိုနီးတယ်နော် သားလေး"

"ငါ သွားချင်တဲ့ဘက်က သွားမယ် နင်ပိုင်တဲ့ ကျောင်းလား"

ရန်ဖြစ်နေသော်လည်း ပြုံးနေသည့် မျက်နှာများနှင့် EC နဲ့ အာကာ ကြောင့် မာန်ပြည့်ကိုတောင် ရာဇာ သတိရသွားသည်။ မာန်ပြည့်နဲ့သာ ဒီကျောင်းမှာ အတူ တက်ရလျှင် ရာဇာပုံစံက ယခုလို ဖြစ်နေမည် မဟုတ်။ ယခုတော့ အချိန်တိုင်းမှာ သိမ်ငယ်စိတ်တို့က ကြီးစိုးသည်။ မည်သူနဲ့မှ အပေါင်းအသင်းမလုပ်ရဲ။ ပိုက်ဆံရှိ လူတန်းစားများက သူ့သူငယ်ချင်းအဖြစ် ရှိလာမည်ကို ရာဇာ ကြောက်သည်။ အထူးသဖြင့် သူဟာ သိပ်ဆင်းရဲမွဲတေကြောင်း သိသွားပြီး သူ့အား ဂရုဏာမျက်ဝန်းတို့နှင့် ကြည့်လာမှာကို ကြောက်ပါသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ