40

12.3K 1.7K 106
                                    

"ဟင်းတွေက ရှယ်ပဲ"

ရာဇာ ရေချိုးပြီး ပြန်တက်လာတော့ အမေက ယူလာသည့် ဟင်းချိုင့်များကို စားပွဲထက် ဖွင့်ကာ နေရာချနေသည်။

"သား ထမင်းချိုင့်ထည့်မယ်မလား မေ ပြင်ထားလိုက်မယ်"

ရာဇာ ခေါင်းညိတ်ပြလိုက်တော့ အမေက တပြုံးပြုံးဖြင့် ထမင်းချိုင့်ပြင်နေသည်။ အမေ့မျက်နှာမှာ အားငယ်သိမ်ငယ်တဲ့ အငွေ့အသက်တွေ မတွေ့ရတော့ပေ။
ဖခင်ဖြစ်သူနဲ့ ပြန်အဆင်ပြေ၍ပဲလား။ လွမ်းဆွတ်နေသော ရွှေမင်းသမီးနေရာကို ပြန်ရောက်သွား၍လား မသိသော်လည်း အမေ ပျော်နေသည်ကို မြင်ရတာ သိပ်ကို စိတ်ချမ်းမွေ့စရာ ကောင်းလွန်းပါသည်။

"အဖိုး ဘာပြောလဲ အမေ"

အမေ့၏ ပြောင်းလဲသွားမည့် မျက်နှာရိပ်ကို ရာဇာ မလွတ်တမ်းကြည့်နေမိသည်။ ပါးရိုးများ ထင်းပေါ်အောင်ပင် ပြုံးလာသည့် အမေ့ကြောင့် ရာဇာ့ ရင်ထဲ နေသာသွားသည်။

"သားအဖိုးလည်း အရင်လို မာန်မာနတွေ မထားနိုင်တော့ပါဘူး။ အဆက်အသွယ်သာ မပြတ်စေဘဲ အဖိုးကို လာတွေ့နေပေးပါတဲ့..မေ ကတော့ သားအဖိုးနား နေပေးမှ ဖြစ်မှာ သိတယ်မလား"

လှိုက်ကနဲ တက်လာသည့် ပျော်ရွှင်မှုကြောင့် ထိုင်နေသည့် အမေ့ကို နောက်မှ အုပ်မိုး၍ ရာဇာ ဖက်လိုက်သည်။

"ချွဲနေတာလား"

"သား ကံဇာတာတွေ တက်လာပြီ ထင်တယ်"

သူ့ဘက်သို့ လှည့်လာသည့် အမေ့ကြောင့် ဖက်ထားသည်ကို လွှတ်ပေးကာ အမေနဲ့ မျက်နှာချင်းဆိုင် အနေအထားဖြင့် ထိုင်လိုက်သည်။

"လောကစည်းစိမ်ကို အပြည့်အဝခံစားဖို့ မေ့သားက ထိုက်တန်ပါတယ်။ အခုကစပြီး ပိုက်ဆံကို တွက်ချက်ပြီး သုံးမနေနဲ့တော့။ သားလိုချင်တာ ရှိရင် တွေဝေမနေဘဲ ဝယ်ပစ်လိုက် နော်..မေ့သားလေး တက်ချင်တဲ့ သင်တန်းတွေ အကုန်တက်ပစ် ဟုတ်ပြီလား"

ရာဇာ ပြုံးကာ ခေါင်းကို တဆတ်ဆတ်ညိတ် လိုက်သည်။

"ရော့ မေ့သား သုံးဖို့ပိုက်ဆံဆိုပြီး သားလက်ထဲ အရမ်းထည့်ပေးချင်ခဲ့ပေမဲ့..သားဆီကပဲ လက်ဖြန့်တောင်းခဲ့ရတယ်။ အခု သားတို့ကို အမေ ပြန်စောင့်ရှောက်မယ်နော်"

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Tempat cerita menjadi hidup. Temukan sekarang