32

11.9K 1.7K 164
                                    

"ပြန်လာခဲ့လို့ ကျွန်တော်ပြောနေတယ်လေ"

"......."

"အမေ အဲ့ပါတီကို ရောက်သွားရင် သားမျက်နှာကို အိမ်မှာမမြင်ရတော့ဘူးမှတ်"

မာန်ပြည့်က သရက်ပင်အောက်တွင် သူ့အား ကျောပေးကာ ဖုန်းပြောနေသည်။ သူကတော့ အိမ်နောက်ဖေး လှေကား ဒုတိယအထစ်တွင် ထိုင်နေသည်။ သိပ်မဝေးသော အကွာအဝေးတွင် မာန်ပြည့် ဖုန်းပြောသံကို ရာဇာ ကြားနေရသော်လည်း တစ်ခွန်းပင် ဝင်မပြောဖြစ်။ မာန်ပြည့်က သူ့စကားကြောင့် ဒေါသထွက်နေပုံရသည်။ သူ့ရင်ခွင်ထဲမှ ချက်ချင်းပင် ရုန်းကာ မေချို့ကို လမ်းတဝက်မှ အိမ်သို့ပြန်လာရန် ဖုန်းဆက်သည်။ ရုတ်တရက်ဆန်သော ဖုန်းခေါ်ဆိုမှုကြောင့် မေချိုက ပြန်လာရန်ငြင်းဆိုပုံရပါသည်။ မာန်ပြည့်အသံက ကျယ်လောင်ကာ တင်းမာလာသည်။

ခေါင်းငုံ့ထိုင်နေသောကြောင့် အကြမ်းစီးဂျပန်ခြေညှပ်ဖိနပ် စီးထားသော ခြေဖမိုး တစ်စုံက သူ့မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာသည်။ သူ မော့မကြည့်ဖြစ်။ သူကိုယ်တိုင်ပင် ခံစားနေရသော ဝေဒနာကို အမည်မတပ်တတ်သေး။

"ငါက မင်းဆီကိုပဲ ပြေးလာခဲ့တာ"

သူ့ဆီကို ဦးတည်နေမှန်း သိသာစေတဲ့ စကားသံကြောင့် ရာဇာ ခေါင်းမော့ကြည့်လိုက်သည်။ မာန်ပြည့်က သူ့အား ကြည့်နေသော မျက်ဝန်းမျိုးနဲ့ သူကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ထံ ကြည့်ခဲ့ဖူးပါသည်။ ကိုယ်မဟုတ်ပါဘဲ ကိုယ်မလုပ်ပါဘဲ စွပ်စွဲခံလိုက်ရတဲ့ အခါ၊ အထင်မှားခံလိုက်ရတဲ့အခါ ခံပြင်းမှုတွေ ပြည့်နေသော အကြည့်မျိုး။ မဟုတ်သေးဘူး။ မာန်ပြည့် မျက်ဝန်းတွေက နူးညံ့နေသေးတယ်။ မျက်သားစိပ်တွေ ရဲတက်လာတဲ့ မာန်ပြည့်ကို သူကြောင်ကြည့်နေမိသည်။ မာန်ပြည့်က သူရှေ့မှာမှ မငိုဖူးပါဘဲ။

ဒုတိယလှေကားထစ်တွင် ထိုင်နေသော သူ့ရှေ့ကို မာန်ပြည့်က ဒူးထောက်ချလိုက်သည်။
ပြီးတော့ သူ့ဒူးခေါင်းထက်မှာ ခေါင်းငုံ့ချပစ်လိုက်ပြန်သည်။ အိပ်မက်ထဲရောက်နေတဲ့ သူတစ်ယောက်လို အရာရာ ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း လူက မလှုပ်မရပ်ဖြစ်လို့နေသည်။ ဦးတည်ရာ ရှိနေတဲ့ မျက်ဝန်းများက ဦးတည်ချက်မရှိ ကြည့်နေမိသည်။ အရာအားလုံး ဝေဝေဝါးဝါး။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now