Extra 3

13.3K 1.5K 61
                                    

ဒီရက်တွေထဲ အချိန်ကို ဘယ်လိုကုန်ဆုံးပစ်လိုက်လဲ ကိုယ်တိုင်တောင်မသိ။ အချစ်နာကျတာက အရက်နာကျတာနဲ့ မတူတော့ သံပရာရည် သောက်လည်းမပျောက် လီမွန်တီးလည်း မတိုး။ တစ်ရံတစ်ခါ အိမ်ကိုအလည်လာတဲ့ ရာဇာ့ကို မြင်ရတိုင်း ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းတစ်နေရာက တဆစ်ဆစ်နဲ့။ အဲ့ဒဏ်ကို မခံနိုင်တော့ ကျောင်းပိတ်ရက်အတွင်း ရှမ်းပြည်က အဖိုးအိမ်မှာ လာနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ရှမ်းပြည်မှာလည်း သူနဲ့ပါးပါး နှစ်ယောက်ထဲ ရှိတာပါ။ အဖိုးက သူ့သမီး သူ့မြေးတွေကို တွေ့ချင်တာနဲ့ ရန်ကုန်မှာပဲ နေဖြစ်တယ်။ မားကလည်း တီကြီး..အင်း ရာဇာ့အမေဖြစ်သူနဲ့ အတူရှိနေပေးတာပေါ့။

သူအချိန်ယူရဦးမယ်လေ။ ကျောင်းဖွင့်ရက်တွေမှာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းချစ်သူတွေကို မြင်နိုင်ကြားနိုင်ဖို့ရာ သူနှလုံးသားကို ထရိန်နင်ပေးထားရမယ်။ အဲ့မှဲ့လေးကို...အဲ့ မင်းတို့ရဲ့ရာဇာ လို တန်ဖိုးရှိတဲ့ မင်းရဲရာဇာကို နာကျင်ခြင်း အရှင်းကင်းတဲ့ အပြုံးနဲ့ အစ်ကိုလို့ ခေါ်ဖို့ရာ သူလေ့ကျင့်ရဦးမယ်။

ချစ်ခြင်းမေတ္တာကို အခုချိန် အဓိပ္ပာယ်လာဖွင့်ခိုင်းရင် သူကတော့ စောက်ရေးမပါတဲ့အရာလို့ပဲ ဖွင့်ဖြစ်မယ် ထင်တယ်။ စောက်တလွဲတွေ မျိုးစုံဖြစ်ရတဲ့ community ကြီးပြပါဆို ချစ်ခြင်းဆိုတဲ့ zone ကြီးပေါ့ဗျာ။ အဆင်ပြေတဲ့ သူတွေကျ ဇွတ်ပြေ။ တချို့ကျ အလဲလဲအကွဲကွဲ။ ဒါကို ဝဋ်ကြွေးလို့ သတ်မှတ်ကြသေးတယ်။ တကယ်ဆို ဒါက ကိုယ်တိုင် ထိုးဆင်းတဲ့ ချောက်နက်လေ။ အဲ့ချောက်နက်ထဲက ပြန်တက်ဖို့ အနာခံရမှာပဲ။ ကိုယ်က လွတ်မြောက်ချင်နေတဲ့သူကို။

စိတ်ပြေလက်ပျောက် ပါးပါးရဲ့ လိမ္မော်ခင်းထဲ ဝိုင်သွားသောက်ဖို့ တွေးထားတယ်။ သူ့အပေါ် သစ္စာရှိတဲ့ ယမကာတွေက ယစ်မူးပစ်ချင်စရာ။

------------------------------------------------
Guitar တီးချင်လာတဲ့ စိတ်ကြောင့် ဘယ်ချောင်ရောက်နေမှန်းမသိတဲ့ Guitar pickကို သူ့ကြွက်သိုက်ထဲ မြေလှန်ရှာနေရပြီ။ ကုတင်အောက်ကို ကုန်းရှာတော့ ဘယ်ထဲက ပျောက်နေမှန်းမသိတဲ့ ဘောလုံးဘောင်းဘီတွေနဲ့ underwear တွေ ထွက်လာတယ်။ ဆက်နှိုက်ရင်း ဆက်နှိုက်ရင်း စာရွက်တစ်ရွက်က လက်ထဲပါလာတယ်။ ဖုန်တွေကြောင့် A4 စာရွက်အဖြူက မဲညစ်နေပြီ။ ခပ်သော့သော့ လက်ရေးတွေကို သေချာဖတ်မှ သီချင်းစာရွက်။ ရာဇာ တွေ့သွားခဲ့တဲ့ သီချင်းစာရွက်ပဲ။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now