"ဟေ့ကောင် သေချာထုကွ သွပ်ပြားအသစ်တွေကို ခဏခဏ သံပြန်ထုနေရရင် ဘာထူးမှာလဲ သွပ်ပေါက်တွေပဲ ပြန်ဖြစ်မှာပေါ့"
"မင်းဘိုးအေ ငါက လက်သမားလားကွ လူငှားပါဆိုတော့ စောက်ကပ်စေးနဲနေတယ်"
အိမ်ခေါင်မိုးထိ တက်ကာ ရန်ဖြစ်နေကြသည့် အစ်ကိုနှစ်ယောက်ကို ပန်ပန်က အိမ်အောက်မှ အာလူးကြော် ဝါးလျက် စိတ်ပျက်စွာ ကြည့်နေသည်။
"ရပြီ..ငါ ဆင်းနှင့်မယ်..ဟဲ့ မိပန်"
"ဘာလဲ"
မာန်ပြည်က တူနဲ့သံထုပ်ကို ကိုင်ကာ အရင်ဆင်းနှင့်ရန် ရာဇာ့ကို အသိပေးပြီး ပန်းသခင်ကို လှမ်းခေါ်သည်။ ပန်ပန်က ဘောက်ဆက်ဆက် ပြန်ထူးလာတော့ မာန်ပြည့် တင်းသွားတော့သည်။
ဒီမောင်နှမ နှစ်ယောက် သူ့ကို နိုင်စားလွန်းတယ်။
"အကြီးကို ထူးတဲ့လေသံက..နင် တွေ့မယ်..ငါ အောက်ရောက်မယ် တွေ့မယ်"
မာန်ပြည့် စိတ်တိုနေသည်ကို ပန်ပန်က အိမ်အောက်မှ မော့ကာ လျှာထုတ်ပြောင်သည်။
"လှေကားကို လာထိန်းထားပေး"
"မထိန်းပေးပါဘူး ကိုကြီးက အောက်ရောက်ရင် ပန့်ကို ထုမှာ"
"ထုခံရမှာကျ ကြောက်တယ် နင်က..အချိုးကျ မပြေဘူး..လာထိန်းစမ်းပါ..ငါ ထိခိုက်ရင် နင့်အစ်ကိုပဲ ရင်ကျိုးပဲ"
မာန်ပြည့်က ပန်ပန့်ကို လှမ်းအော်ရင်း ရာဇာ့ဘက်ကို လှည့်ကြည့်လိုက်သည်။ နေပူ၍ ခမောက်ဆောင်းထားပြီး တူတစ်ချောင်း၊ သံတွေနှင့် အလုပ်ရှုပ်နေသော ရာဇာက မာန်ပြည့်စကားကြောင့် ရယ်သည်။ ခမောက်ကြောင့် မျက်နှာတစ်ပြင်လုံး မမြင်ရသော်လည်း တစ်စွန်းတစ်စ မြင်ရသည့် သွားတန်းများက ဆွဲဆောင်မှုရှိသည်။
"ဟုတ်တယ်မလား ရာဇာ"
"ချီပြီး အောက်ချပေးရမလား"
ရာဇာ့ တုံ့ပြန်စကားကို မာန်ပြည့် မျက်ခုံးပင့်လိုက်သည်။ ဖိုးသခွားက စကားတတ်နေတာ။
"ကဲ..လာပါ ကလူနေကြတာ..ထိန်းထားပေးမယ် ဆင်းတော်မူ"
မာန်ပြည့် အောက်ကိုငုံ့ကြည့်တော့ ပန်ပန်ကမျက်လုံးကို ပင့်ကာကြည့်ရင်း စူပုပ်ပုပ်။ချစ်ဖို့တော့ ကောင်းပါသည်။ ရာဇာ့ကိုတော့ မမီဘူး။
ŞİMDİ OKUDUĞUN
အိမ်ပြေး , အိမျပွေး { Z + U } Complete
Genç KurguZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...