ထုံးစံအတိုင်း ပါးစပ်ဟကာ အိပ်ပျော်နေသည့် မာန်ပြည့်ကို ရာဇာ ဘေးတစောင်းလှဲ၍ လက်ထောက်ကာ တစိမ့်စိမ့်ကြည့်နေမိသည်။ ဒီလို ပုံရိပ်မျိုး အကြိမ်ကြိမ်အခါခါ တွေ့ဖူးနေလည်း သူ့အတွက် ရိုးမသွားပါ။ ဟိုဘက်အိမ် နဲ့ ဒီဘက်အိမ်ကို ကူးလူးနေတဲ့ အပြေးသမားလေးသာ သူ့ကို စမချစ်ခဲ့ရင် သူရော သူ့ခံစားချက်တွေကို သိလာပါ့မလား မသေချာ။
"သတ္တိရှိပေးခဲ့တာ တစ်ခုနဲ့တင် ငါမင်းအပေါ် ပေးဆပ်ဖို့ ထိုက်တန်နေပြီ"
အဆီဝင်းနေတဲ့ နှာထိပ်ကို ငုံ့နမ်းလိုက်တော့ မျက်လုံးဝိုင်းတို့က ခပ်ဖြေးဖြေး ဖွင့်လာသည်။ လက်ထောက်ထားသည့် လက်မောင်းကို ဖြန့်ထုတ်ပေးတော့ အလိုက်သိစွာပင် လက်မောင်းထက် ခေါင်းတင်ကာ လည်ပင်းတွင် မျက်နှာ လာအပ်သည်။
"အိပ်ချင်သေးတယ်"
မနက်လင်းခါနီးမှသာ နှစ်ယောက်သား လိုက်ကာစအခန်းလေးထဲ ဝင်အိပ်ကြသည်ဖြစ်၍ အိပ်ချိန်က ၃နာရီလောက်သာ ရှိထားသည်။
"ကျောင်းသွားရမယ်လေ ထတော့"
ဆံပင်တို့ကို ပွတ်သပ်ပေးတော့ ငြိမ်ခံနေသည်။ မာန်ပြည့်က သူ့ကို ကလန်ကဆန်လုပ်တဲ့အချိန်မှာ ဆွဲဆောင်မှု ရှိသလို။ ခွေးပေါက်လေးလို သူပြောသမျှ ငြိမ်ကာ နားထောင်တဲ့အချိန်မှာဆိုလည်း ချစ်စရာကောင်းလွန်းသည်။
"မင်း ကျောင်းဆင်းရင် ဘယ်အိမ်ပြန်မှာလဲ"
မာန်ပြည့် ဆံပင်တို့ကို ပွတ်သပ်ဖွနေသော ရာဇာ့လက်က ခဏရပ်တန့်သွားသည်။
"အဖိုးအိမ်ကိုပေါ့။ ရှင်းစရာရှိတာ ရှင်းပြီးရင် ပြန်လာခဲ့မယ်"
"အာကာကရော"
အာကာ့ နာမည်ကြားတော့ ရာဇာ့စိတ်တွေ လေးပင်သွားသည်။ အာကာနဲ့သူ နှစ်ယောက်တည်း တွေ့ကာ စကားကို အေးဆေးပြောရမည်။ သူ့ညီဆိုတာ သိနေရက်နဲ့ လမ်းမှားတွေကို ဆက်ပြီး တွန်းမပို့နိုင်ပါ တတ်နိုင်သမျှ ထိန်းကျောင်းပေးရပါမည်။
"ငါက အကြီးပဲ ကြားထဲက ဆက်ဆံရေးတွေကို အဆင်ပြေအောင် ညှိပေးရမှာပေါ့"
အာကာ့ကို တကယ် လိမ္မာစေချင်သည်။ မာန်ပြည့်လည်း ဆိုးသည် ဆိုပေမဲ့ အာကာနှင့် မတူ။ မာန်ပြည့်ဆိုးတာက သူတစ်ဦးတစ်ယောက်တည်း ဆိုးခြင်းဖြစ်ပြီး ဘေးလူကို ဒုက္ခမဖြစ်စေ။ အာကာကတော့...အင်း..လက်ရဲသည်ဟု ဆိုရမည်။
ESTÁS LEYENDO
အိမ်ပြေး , အိမျပွေး { Z + U } Complete
Novela JuvenilZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...